မိမိစက်မှာ Task Manager နဲ့ Search/Folder Option ပျောက်နေလျှင်

မိမိစက်မှာTASK MANAGERပျောက်နေလျှင်

Task Manger ကို virus တွေကသာ disable ဖြစ်အောင်လုပ်လေ့ရှိပါတယ်။ virus မရှိတော့ ဘူးဆိုရင်တောင်မှ Tesk Manager က ပြန်မပေါ်တာရှိတတ်ပါတယ်။ အဓိကပြောချင်တာကတော့ Text Manager ပျောက်နေရင် ပြန်ဖွင့်လို့ရအောင်လုပ်ဖို့ပါ။နှစ်နေရာလုပ်ရပါတယ်။ လုပ်ပြီဆိုရင်နည်းနည်း တော့မျက်စိရှုပ်တယ်။ tree တွေများနေလို့ပါ။
Start >> Run ကိုဖွင့်ပါ။ (win+R)
-regedit လို့ရိုက်ထည့်ပြီး OK/ Enter လုပ်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။
-ပေါ်လာတဲ့ Registry Editor မှာ အောက်ပါ tree တိုင်းသွားပါ။
HKEY_LOCAL_MACHINE\Software\ Microsoft\ Windows\ Current Version\ Policies\ System ထိ ရောက်အောင်အဆင့်ဆင့် ဖွင့်သွားပါ။ နောက်ဆုံးရောက်နေတယ့် System ကို select လုပ်လိုက်ပြီး ညာဘက်ခြမ်း က window ထဲမှာ disable TaskMgr (key) ကိုရှာပါ။ တွေ့ရင် right click လုပ်ပြီး delete လုပ်လိုက်ပါ။ဒါဆိုရင် အဆင်ပြေသွားပါပြီခင်မျာ။
နောက်တစ်နည်းကလေးကို လည်း ထပ်မံဆွေးနွေးပေးလိုက်ပါတယ် ခင်မျာ။
HKEY_CURRENT_USER\ Software\ Microsoft\ Windiws\ Current Version\ Policies\ System ကိုသွားပါ။ အထက်ကအတိုင်း disable TaskMgr (key) ကိုရှာပြီး delete လုပ်လိုက်ပါ။ ပြီးရင် ကွန်ပျူတာကို restart လုပ်လိုက်ပါ။ Task Manager ကိုဖွင့်ကြည့်ပါ။ ကောင်းသွားပါလိမ့်မယ်။

                                    
Search/Folder Option ပျောက်နေရင်

Search နဲ့ Folder Option ပျောက်နေတာကိုဖေါ်ချင်တယ် ဆိုရင်တော့  အောက်ကနည်းကလေးဖြင့်ဖြေရှင်းပေးလိုက် ရင် အဆင်ပြေပါတယ်ခင်မျာ။
Start >> Run ကိုဖွင့်ပါ။ (win+R)
-regedit လို့ရိုက်ထည့်ပြီး OK/ Enter လုပ်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။
HKEY_Current_User\Software\Microsoft\Windows\CurrentVersion\Politicies\Explorer
အဲဒီအတိုင်း tree တွေကိုဖြေသွားပြီး နောက်ဆုံးက Explorer ကို select လုပ်ထားပါ။
ညာဘက်က NoFind and NoFolder Options နှစ်ခုရဲ့ data မှာကြည့်လိုက်ပါ။ 0×00000000(1) တွေဖြစ်နေပါလိမ့်မယ်။
အဲဒီ Nofine and NoFolder Options ကို Double Click လုပ်ပါ။
Edit DWORD Value dialog box ပေါ်လာပါလိမ့်မယ်။ အဲဒိက Value Data နေရာက 1 ကို 0 ပြင်လိုက်ပါ။
ပြီးရင် OK ကိုနှိပ်ပါ။ ကွန်ပျူတာကို restart လုပ်ပါ။ Window ပြန်တက်လာတာနဲ့ အားလုံးကောင်းသွားမှာပါ။

ပြန်လည်တင်ပြထားပါသည်။

No comments:

Post a Comment