Network အကြောင်း

Network အပိုင်း (၁)
 
ကျွန်တော်တတ်သိသလောက် Network အပိုင်းလေးတွေတင်မယ်လို့ ဆုံးဖြတ်လိုက်တယ် ။ရေးမယ်ဆိုတော့လဲ ဘာစရေးရမှန်းကိုမသိတာဗျ။ စိတ်ထဲရှိတာရေးမယ်ဗျာ။ တစ်ခါတစ်ခါ ကျွန်တော်တွေးကြည့်တယ် Network သမားတစ်ယောက်ဟာ အနုပညာ သမား တစ်ယောက်နဲ့တူတူပဲထင်တယ်။ ကိုလုပ်ချင်တဲ့အနုပညာကို စမ်းတစ်ဝါးလျောက်နေရသလိုပဲပေါ့။ ဒီနေ့လုပ်လို့ ဒီနေ့ အကျိုးရချင်မှရမယ်ပေါ့။ ဒါပေမယ့်အကျိုးတွေအများကြီးရမှာတော့ အမှန်ပါပဲ။ ကဲ ကျွန်တော့် Network စာစုလေးတွေကိုအရင်ချပြကြည့်တာပေါ့။ မသိသေးသူများလဲ စိတ်ဝင်စားရင် ဖတ်ကြည့်ပေါ့ဗျာ။

Network ဆိုတာ ဘာလဲ ?
ဟိုးအရင်က Network တွေ intertnet တွေ မပေါ်တဲ့ အချိန်မှာ လူတွေ Network လို့မသိတဲ့ network တစ်မျိုးကိုသုံးခဲ့ကြတယ်။
ကို့ဆီက File တွေ Data တွေကို ခုခေတ် မသုံးတော့တဲ့ Floopy Disk တွေထဲထည့်ပြီးသုံးစွဲခဲ့ကြတာပေါ့။ အဲဒါက netrwork ပေါ့ဗျာ။
ဒါပေမယ့် တစ်ဦးချင်း ဆီမှာ သုံးဖို့အတွက်ပဲအဆင်ပြေတော့ နောက်ပိုင်းမှာ Network Technology ဖြစ်ပေါ်လာရတာပေါ့။
အခြေခံအားဖြင့် ယနေ့ခေတ်သုံးနေကြတဲ့ Network တွေကတော့
1.LAN(Local Area Network)
2.WAN(Wide Area Network)
3.MAN(metropolitan Area Network)
4.PAN(personal area network)
ဆိုပြီးတော့ရှိကြပါတယ်။
ကျွန်တော် တို့ အင်တာနက်ဆိုင်တွေ။ရုံးတွေ မှာသုံးကြတာကတော့ LAN ပေါ့ဗျာ။

1.LAN(Local Area Network)
ကွန်ပျုတာ တစ်လုံးနဲ့ တစ်လုံး ဒါမှ မဟုတ် ကွန်ပျုတာ အလုံးရေတော်တော်များများ ချိန်ဆက်ကြမယ်ဆိုရင် LAN ပေါ့ဗျာ။ ပထမဆုံး ကွန်ပျုတာတွေချိတ်ဆက်ချိန်တုန်းက ကွန်ပျုတာအလုံးရေ ၃၀ထက်မပိုခဲ့ပါဘူး။ ခုနောက်ပိုင်းတော့ အလုံးရေ တော်တော်များများချိတ်ဆက်လာနိုင်လာပါတယ်။ ကွန်ပျုတာ တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီး ကို့ DATA တွေ FILE တွေကို Share ကြ နဲ့ ဆက်သွယ် မှုကို အဆင်ပြေလာစေတာပေါ့။ဒါဟာ Local Area Network ပေါ့ဗျာ။

2.WAN( Wide Area Network)
ကျွန်တော်တို့ ရုံးတွေ အင်တာနက်ဆိုင်တွေတစ်ခုထက်ပိုပြီး နှစ်ခု သုံးလေးခု နက်ဝေါ့ ချိန်ဆက်ကြမယ်ဆိုရင်တော့ Wanပေါ့ ။ကွန်ပျုတာ အရေအတွက်တွေလဲပိုများလာတာပေါ့။ဆိုလိုတာက မြို့နယ်တစ်မြို့နယ်နဲ့တစ်မြို့နယ်
တိုင်းပြည်တစ်ပြည်အတွင်းမှာပေါ့။ ဒါဟာ Wide Area Network ပါ။

3.MAN (Metropolitan Area Network)
ကို့တိုင်းပြည် အတွင်းကနေကျော်ပြီး တစ်ခြားနိုင်ငံတွေနဲ့ဆက်သွယ်သုံးစွဲတာဟာ MAN ပါ။

4. PAN (Personal Area Network)
ကို့ကွန်ပျုတာတစ်လုံးစီပဲချိတ်ဆက် သုံးစွဲမယ်။ကို့အခန်းထဲမှာပဲ ကွန်ပျုတာ နှစ်လုံးသုံးစွဲမယ်ပေါ့။ဒါဟာ PANပါ။
ဒီလောက်ဆို နက်ဝေါ့ဆိုတာ အကြမ်းအားဖြင့်သိကြပြီပေါ့။

Network Design
နက်ဝေါ့များချိတ်ဆက်ရာတွင် Topology ဟုခေါ်သော ဝေါဟာရပါဝင်လာပါတယ်။
Topology ဆိုသည်မှာ ဆက်သွယ်မှု လမ်းခေါ်ဘာသာရပ်တစ်ခုဟုသတ်မှတ်ရပါမည်။ဥပမာ မျက်မမြင်တစ်ယောက်နဲ့ စကားမပြောတတ်သူတစ်ယောက်တို့ဆက်သွယ်ပြောဆိုရာတွင် လိုအပ်မည့် ဘာသာရပ်ခေါ် ကြားခံ တစ်ခု ဖြစ်ပါသည်။
ယင်းကို Topology ဟုခေါ်ပါသည်။Topology ၃မျိုးရှိပါသည်။ယင်းတို့မှာ အခြေခံ ကျဆုံးသော Topology များဖြစ်ကြပါသည်။
1.Bus Topology
2. Star Topology
3. Ring Topology

(ဆက်လက်ရေးသားပါ့မည်)

ပြန်လည်တင်ပြထားပါသည်။


Registry အကျဉ်း

ဒီနေရာလေးမှာကျွန်တော်နည်းနည်းဝင်ဆွေးနွေးချင်ပါတယ်။ဘာသာပြန်ထားတာဖြစ်တဲ့အတွက် အနည်းငယ်မှားယွင်းနိုင်ပါတယ်။နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။

Registry အကျဉ်း

Registry ဆိုတာ Windows အတွက်Setting နှင့် သင်ထည့်သွင်းခဲ့ တဲ့ Applications တွေရဲ့ အနီးဆုံး
Database တစ်ခုဖြစ်ပါတယ်။Registry ကိုဘယ်လိုStored လုပ်.

Window 95,98,ME တို့ မှာသင့် ရဲ့  Window Directory မှာ Registry ဟာ USER.DAT နှင့် SYSTEM.DATဆိုပြီး hidden files နှစ်ခုပါဝင်ပါမယ်။ Window2000 နှင့် XP မှာတော့ \windows\system32\config နှင့် \Documents and Settings\{username}ဆိုတဲ့ Foldres တွေမှာ မြောက်မြားစွာသောပျားအုံပုံစံနှင့် Stored လုပ်ပါတယ်။

Registry ရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံ

Registry ဟာသင့် ရဲ့ Hard disk ပေါ်မှာလမ်းညွှန်တခုလို အဆင့် ဆင့် ဖွဲ့ စည်းပုံစနစ်ရှိပါတယ်။Branch အသီးသီးကိုKEY လို့ ခေါ်ပါတယ်။အဲဒီKEY အသီးသီးမှာနောက်ထပ်keys တွေများစွာပါဝင်နိုင်ပါတယ်။အဲဒါကို Valuesလို့ ခေါ်ပါတယ်။Value အသီးသီးဆီမှာတော့ Registry မှာStroed လုပ်ထားတဲ့ အမှန်တကယ် informations တွေပါဝင်ပါတယ်။Values အမျိုးအစားကတော့ သုံးခုရှိပါတယ်။ အဲဒါတွေကတော့ String, Binaryနှင့်  DWORD တို့ ပဲဖြစ်ကြပါတယ်။အဓိက Branches ကတော့ ခြောက်ခုရှိပါတယ်.( Window 2000 နှင့် Window XP မှာတော့ ငါးခုရှိပါတယ်)အဲဒီ Branches အသီးသီးမှာ Registry မှာstored လုပ်ထားတဲ့ သတ်မှတ်ဝေစုကိုယ်စီရှိကြပါတယ်။ အဲဒါတွေကိုထပ်ရှင်းမယ်ဆိုရင်တော့ အောက်ပါအတိုင်းဖြစ်ပါမယ်။

-HKEY_CLASSES_ROOT-->ဒီBranch မှာတော့သင့် ရဲ့ OLE-aware applications အားလုံးအတွက် OLE informationsလို့ ခေါ်တဲ့ သင့် ရဲ့ files types တွေအားလုံးပါဝင်ပါတယ်။
-HKEY_CURRENT_USER-->ဒီ Branch ကတော့ HKEY_USER နဲ့ သက်ဆိုင်သောcurrent user အတွက်အစိတ်အပိုင်းကိုညွှန်ပြပါတယ်။
-HKEY_LOCAL_MACHINE-->ဒီBranchမှာတော့ သင့် ကွန်ပျုတာမှာ install လုပ်ထားတဲ့ Hardwares နဲ့ Softwares တွေအားလုံးရဲ့  Informations တွေပါဝင်ပါတယ်။ဒါကြောင့် မို့ လို့ သင်ကဒီBranch ကို multiple hardware configurationsလို့ သတ်မှတ်နိုင်ပြီး HKEY_CURRENT_CONFIG ကိုလဲcurrent hardware configuration အဖြစ်သတ်မှတ်ပါတယ်။
-HKEY_USERS-->ဒီBranch မှာတော့ ကွန်ပျူတာအသုံးပြုသူရဲ့  Preferences တွေ( colours နှင့် Control panels settingကဲ့ သို့ )ပါဝင်ပါတယ်။
-HKEY_CURRENT_CONFIG-->ဒီBranch က current hardware configuration နှင့် ဆိုင်တဲ့ HKEY_LOCAL_MACHINE ရဲ့ အစိတ်အပိုင်းကိုပြပါတယ်။
-HKEY_DYN_DATA(Window 95/98/ME only)-->ဒီBranch ကတော့  Window Plug&Play subsystem ကိုအသုံးပြုရန် HKEY_LOCAL_MACHINE ရဲ့ အစိတ်အပိုင်းကိုညွှန်ပြပါတယ်။

Registry Editor ကိုအသုံးပြုခြင်း

Registry Editor မှာ သင်မြင်နိုင်သောWindow နှင့် အတူသင်ကျေနပ်အောင်Edit လုပ်နိုင်ပါတယ်။Registry Editorကိုဝင်မယ်ဆိုရင်သင်မြင်ရမှာက window တစ်ခုကိုနှစ်ခြမ်းနဲပြထားတာကိုတွေ့ရပါမယ်။ ဘယ်ဘက်အခြမ်းကတော့ Tree တစ်ခုကို Folders တွေနဲ့ တွေ့ ရပါမယ်.ညာဘက်ကတော့ current selected folder(key) ရဲ့ Value ကိုတွေ့ ရပါမယ်။Folder တစ်ခုကိုဖြန့် မယ်ဆိုရင်(+) Sign လေးကိုကလစ်လိုက်ရင် ကျလာပါမယ်။သင်လိုချင်တဲ့ Folderလေးကိုကလစ်လိုက်ရင်ညာဘက်အခြမ်းမှာ သက်ဆိုင်ရာFolder(key)ရဲ့  value lists တွေကိုမြင်တွေ့ ရပါမယ်။သင်ကြိုက်နှစ်သက်ရာValue (or)key ကိုလဲ Edit menu-->New ကနေAdd နိုင်ပါတယ်။Delete လဲလုပ်နိုင်ပါတယ်။ Right click ထောက်Delete ပေးနိုင်ပါတယ်။ ဒီအပိုင်းကတော့ ရှင်းပါတယ်။Registry Editor ကိုခေါ်ဖို့ ကတော့ Run Box--> regedit ပါ။

သွင်းမယ်၊ထုတ်မယ် ပြီးတော့  ဖါမယ် (မြန်မာလိုပြန်ခြင်းဖြစ်သောကြောင့်  နားလည်ပေးပါရန် :P)

သင်က Registry Editor ကနေRegistry ကိုစိတ်ကြိုက်edit လုပ်နိုင်ပါတယ်။ပြီးတောနောက်ထပ်လဲRegistry patchesလေးတွေကိုအသုံးပြုခြင်းဖြင့် လဲပြောင်းလဲမှုတွေလုပ်နိုင်ပါသေးတယ်။ Registry patchဆိုတာတစ်ခုနှင့် အထက်key(or)Value တွေပါဝင်ပြီး file extension က .reg နဲ့ ဆုံးတဲ့ ရိုးဆင်းတဲ့ text fileလေးကိုခေါ်ပါတယ်။သူကို Double click လုပ်လိုက်ရင်Registry ထဲမှာapplied ဖြစ်စေပါတယ်။
သူကတော့ နည်းလမ်းကောင်းတစ်ခုဖြစ်စေပါတယ်။ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ Registry ကိုစိတ်ကြိုက်ပြောင်းလဲလိုက်လို့ ပြဿနာတွေဖြစ်လာရင်ပြန်လည်patch လုပ်ပေးလိုက်ရင်အိုကေလို့ ပါပဲ။သဘောကတော့ backup လုပ်တဲ့ သဘောမျိုးပါပဲ။


Hacking Google (အင်တာနက်မှရှာဖွေနည်းများ)

Chapter (1)
Search Engine Technology

What is Search Engine?
Search Engine (SE) ဆိုတာ Computer Program တစ်ခုကိုသုံးပြီး Web page များကို စုစည်းထားသော ကြီးမားသည့် database ကြီးတစ်ခုပဲဖြစ်ပါတယ်။ ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုတော့ စာကြည့်တိုက်များမှာ Card Catalogue အသုံးပြုပုံ နှင့် ဆင်တူပါတယ်။ ဆိုရရင် စာကြည့်တိုက်သွားပြီး ကိုယ်သိချင်တဲ့ အကြောင်းအရာ၊ သတင်းအချက်အလက်များကို ရှာဖွေတဲ့ အခါမှာ စာကြည့်တိုက်ထဲက ရှိသမျှစာအုပ်အားလုံးကို လိုက်ဖတ်ပြီး ရှာမယ်ဆိုရင် လက်တွေ့အားဖြင့် မဖြစ်နိုင်ပါဘူး။ Card Catalogue ကို အသုံးပြုပြီး ရှာမှသာလျှင် ကိုယ်သိချင်တဲ့ အကြောင်းအရာ၊ သတင်းအချက်အလက်များကို လွယ်ကူလျင်မြန်စွာ ရရှိပါလိမ့်မယ်။
ဒီသဘောအတိုင်းပါပဲ Internet ပေါ်မှာ Web Page ပေါင်းသန်းနဲ့ချီပြီးရှိပါတယ်။ မိနစ်တိုင်းမှာ ထပ်တိုးလာတဲ့ web page များရှိသလို ရှိပြီးသား page များဟာလည်း Update လုပ်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဒါကြောင့် manually ရှာမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Search Engine များကို သုံးပြီးရှာမယ်ဆိုရင်တော့ ကိုယ်ရချင်တဲ့အကြောင်းအရာ၊ သတင်းအချက်အလက်များကို စက္ကန့်ပိုင်းအတွင်း ရရှိပါလိမ့်မယ်။ ဒါကြောင့် အလွယ်ကူဆုံးနှင့် အရှင်းဆုံးပြောရရင် Search Engine ဆိုတာ Web Page များကို ရှာဖွေပေးတဲ့ Service တစ်ခုပဲဖြစ်ပါတယ်။
ဒီနေရာမှာ Search Engine (SE) များနှင့်ပါတ်သက်ပြီး သိထားသင့်သော အရေးကြီးဆုံး အချက်တစ်ချက်ကို ပထမဦးစွာ ဖော်ပြလိုပါတယ်။အဲဒါကတော့ SE များကို အသုံးပြု၍ မိမိအလိုရှိသော web page များ၊ website များကို ရှာဖွေခြင်းသည် အင်တာနက်ပေါ်တွင် တိုက်ရိုက်ရှာဖွေခြင်းမဟုတ်ပဲ SE များမှ ဖွဲ့စည်းတည်ဆောက်ထားသော database ထဲတွင် ရှာဖွေခြင်း ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။

Functions of Search Engine
SE အားလုံးတို့၏ လုပ်ဆောင်မှုများသည် အခြေခံသဘောတရားအားဖြင့် အတူတူပင်ဖြစ်ကြပါတယ်။ ဆိုရရင် မည်သည့် SE မဆို Collecting, Organizing, Indexing နှင့် Serving Result ဟူသော လုပ်ငန်းစဉ်လေးခုကို အခြေခံပါတယ်။ သို့သော် အဲဒီလုပ်ငန်းစဉ်လေးခုကို ဖော်ဆောင်တဲ့အခါမှာတော့ SE တစ်ခုနှင့်တစ်ခု မတူညီသော ကိုယ်ပိုင် Technic များ၊ Algorithm များကို အသုံးပြုကြပြီး ထိုနည်းပညာသဘောတရားများကို တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားလေ့ရှိပါတယ်။
အကျဉ်းချုပ်အားဖြင့် SE များရဲ့ လုပ်ဆောင်ပုံများကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်နိုင်ပါတယ်။
(1) Crawling the internet for web contents
(2) Indexing we web contents
(3) Storing the web contents
(4) Search algorithm and results

Crawling the Web
webpage တိုင်းမှာ အခြားသော webpage (သို့) website တစ်ခုဆီသို့ ကူးပြောင်းနိုင်တဲ့ Link များရှိတယ်ဆိုတာကို သိကြ ပြီးဖြစ်ပါလိမ့်မယ်။ Crawling လုပ်တယ်ဆိုတာကတော့ အဲဒီ Link များမှတဆင့် Website တစ်ခုမှ တစ်ခုသို့ ကူးပြောင်းပြီး ထို Website များအတွင်းတွင်ရှိသော information များ (ပုံများ၊ စာသားများ) ကို Search Engine ၏ Database ထဲတွင် သိုလှောင်သိမ်းဆည်းထားဖို့ရန်အတွက် Program တစ်ခုအသုံးပြုပြီး ရယူစုဆောင်းလေ့ရှိသော နည်းစနစ်တစ်ခုပင် ဖြစ်ပါ တယ်။ ထို Program ကို Crawler, Spider, Robot, Harvest အစရှိသဖြင့် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။
Crawler program သည် website တစ်ခုမှတစ်ခုဆီသို့ hyperlink များမှတဆင့် ကူးပြောင်းသွားလာပြီး သူဖြတ်သန်းခဲ့ သမျှသော webpage များကို မိတ္တူကူးယူစုဆောင်း၍ ဌာနေ Search Engine ဆီသို့ ပြန်ပို့ပေးနိုင်သော software program တစ်ခုပင်ဖြစ်ပါတယ်။
Search Engine များတွင် Crawler ရဲ့ အခန်းကဏ္ဍသည်လည်း လွန်စွာမှ အရေးပါလှပါတယ်။ Crawler များကို တပြိုင်နက် တည်း website ပေါင်းများစွာကို ချိတ်ဆက် Crawl လုပ်နိုင်စေရန် ဖန်တီးထားပါတယ်။
Google မှာဆိုရင် Googlebot လို့ခေါ်တဲ့ ချိတ်ဆက်မှုပေါင်း 300 ခန့်ကို တပြိုင်နက်ပြုလုပ်နိုင်သည့် Crawler program လေးခုကို အသုံးပြုပြီး တစ်စက္ကန့်အတွင်းမှာ Web Page ပေါင်း 100 ခန့်ကို download လုပ်နိုင်ပါတယ်။ သို့မှသာ အင်တာနက်ပေါ်ရှိ ဘီလီယံနှင့်ချီသော website များအတွင်းပါဝင်သော အကြောင်း အရာများကို မြန်နိုင်သမျှ မြန်မြန် မကြာခဏ ပြန်လည် crawl လုပ်နိုင်ခြင်းအားဖြင့် update ဖြစ်သော result များကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
အထူးသဖြင့်တော့ ကမ္ဘာအရပ်ရပ်မှ နောက်ဆုံးသတင်းများကို result များတွင် ဖော်ပြနိုင်စေရန် သတင်း မီဒီယာ website များ (CNN, BBC) ကိုတော့ နာရီပိုင်းအတွင်း ပြန်လည် crawl လုပ်လေ့ရှိပါတယ်။
Crawler များသည် website များအတွင်းရှိ သတင်းအချက်အလက်များကို ရယူစုဆောင်းတဲ့နေရာမှာ ထို website ပိုင်ရှင်များမှ သတ်မှတ်ထားသော တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ရပါတယ်။ ဆိုရရင် website ပိုင်ရှင်များသည် မိမိတို့ website အတွင်းမှ crawl မလုပ်စေလိုသော File အမည်များ၊ Folder အမည် များကို ထည့်သွင်းဖော်ပြထားတဲ့ "robot.txt" ဆိုတဲ့ file ကို ရေးဖွဲ့ပြီး website ၏ root directory အောက်တွင် ထည့်သွင်းထားလေ့ရှိပါတယ်။
http://www.w3.org/robot.txt
http://www.mit.edit/robot.txt
Crawler များသည် website တစ်ခုသို့ ရောက်လာတဲ့အခါမှာ ပထမဦးဆုံး robot.txt ကို သွားရောက်ဖတ်ရှု့ ပြီး ထို file အတွင်းပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါတယ်။
Indexing the Web Content
Search Engine များသည် crawler များမှ မိတ္တူကူးယူလာခဲ့သော webpage တစ်ခုစီတွင် ပါရှိသည့် စကားလုံးများကို ရွေးချယ်ထုတ်နုတ်ပြီး index တစ်ခုတည်ဆောက်ရပါတယ်။ ထို index များသည် စာအုပ်များ၏ နောက်တွင်ပါလေ့ရှိသော အညွှန်း index များနှင့် ဆင်တူပြီး SE အသုံးပြုသူ User များမှ keyword များကို အသုံးပြု၍ webpage များကို ရှာဖွေနိုင်စေရန်အတွက် ဖြစ်ပါတယ်။
Index တစ်ခုတည်ဆောက်မှုကောင်းလျှင် ကောင်းသလို ပိုမိုပြည့်စုံသော result page များကို ဖော်ပြနိုင်ခြင်း ၊ အချိန်အနည်းငယ်အတွင်း result များကို ထုတ်ပေးနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများကို ရရှိစေမှာ ဖြစ်သည့်အတွက်ကြောင့် SE တစ်ခုရဲ့အောင်မြင်မှုသည် index ကို ဘယ်လိုတည်ဆောက်အသုံးပြုသလဲ ဆိုတဲ့ အချက်အပေါ်မှာလည်း များစွာမူတည်ပါတယ်။
Search Engine များသည် Indexing ပြုလုပ်နိုင်ရန်အတွက် Parser လို့ခေါ်တဲ့ program ကို အသုံးပြု၍ စကားလုံးများကို ရွေးချယ်ထုတ်နုတ်လေ့ရှိပါတယ်။ ဆိုရရင် parser program သည် webpage များထဲမှ stop words လို့ခေါ်သည့် a, an, the, by ... အစရှိသော အသုံးများသည့် စကားလုံးများ၊ Meta tags များ၊ Javascripts များကို ဖယ်ရှားပြီး webpage အတွင်းရှိ အကြောင်းအရာကို ကိုယ်စားပြုနိုင်မည့် စကားလုံးများကို သာ Index တည်ဆောက်ရန် ရွေးချယ်ထုတ်ယူပေးနိုင်ပါတယ်။
Google အခြားသော SE များကဲ့သို့ SE များကဲ့သို့ title များသာ၊ webpage ရဲ့ အစပိုင်းမျှသာ index လုပ်ခြင်းမျိုးမဟုတ်ပဲ webpage တစ်ခုလုံးကို index လုပ်ထားသော full-text search engine အမျိုးအစား ဖြစ် ပါတယ်။
World Wide Web သည် အမြဲတမ်းပြောင်းလဲနေတတ်သည့် အတွက်ကြောင့် crawler များမှ ယနေ့ရယူ စုဆောင်းခဲ့သော webpage များသည် မနက်ဖြန်မှာ ရှိနေဖို့ရန် မသေချာသလို၊ ယနေ့မရှိသေးသော်လည်း မနက်ဖြန်တိုင်းမှာ အသစ်သစ်သော webpage များ ထွက်ပေါ်လာလေ့ရှိပါတယ်။ ဒါကြောင့် Google ကဲ့သို့သော SE များတွင် တစ်ခါ claw လုပ်ပြီးတိုင်း update ဖြစ်သော result များကို ထုတ်ပြန်နိုင်ရန်အတွက် index တွေကိုလည်း update လုပ်လေ့ရှိပါတယ်။
Storing the Web Content
SE များ၏ database ထဲတွင် index အပြင် webpage တစ်ခုချင်းအလိုက်ကိုလည်း သိုလှောင်သိမ်းဆည်း ထားပါတယ်။ ဒါကြောင့် ဘီလီယံနှင့်ချီသော webpage များကို သိုလှောင်သိမ်းဆည်းထားရသည့်အတွက် ကြောင့် SE တစ်ခု၏ storage ပမာဏ သည် လွန်စွာကြီးမားလှပြီး tetrabyte ( 10 12 =1000GB ) ပေါင်းများစွာ အထိရှိတတ်ပါတယ်။ အဲဒီလို data ပမာဏပိုမိုသိုလှောင်ထားနိုင်လေ အသုံးပြုသူများအား ပိုမိုပြည့်စုံသော result များကို ထုတ်ပေးနိုင်လေ ဖြစ်ပါလိမ့်မယ်။

Search and Rank Algorithm
အသုံးပြုသူများသည် မိမိတို့ရှာဖွေလိုသော အကြောင်းအရာနှင့် သက်ဆိုင်သည့် စကားလုံးများကို keyword အဖြစ် ထည့်သွင်းရှာဖွေလိုက်တဲ့အခါမှာ SE သည် ထို keyword များနှင့် တစ်ထပ်တည်းတူညီသောစကားလုံး များကို index ဖြင့် တိုက်ဆိုင်စစ်ဆေးရှာဖွေ၍ ရရှိလာသည့် အထဲကမှ ဘယ် webpage များသည် ရှာဖွေမှုနှင့် လိုက်ဖက်မှု အရှိဆုံးလဲ ဆိုတာကို ဆုံးဖြတ်ပြီး ထို webpage များကို ဦးစားပေးရှေ့မှာထားပြီး တန်းစီဖော်ပြမှာ ဖြစ်ပါတယ်။
အဲဒီလို မှန်ကန်သော result များကို ဖော်ပြနိုင်စေရန်အတွက် SE တိုင်းတွင် အခြားမည်သည့် SE နှင့်မှ မတူ ညီနိုင်သော algorithm လို့ခေါ်တဲ့ ကိုယ်ပိုင်နည်းစနစ်များကို သတ်မှတ်အသုံးပြုလေ့ရှိပါတယ်။ ထို algorithm များ မတူညီမှုကြောင့် keyword တူသော်လည်း SE မတူပါက ရလာမည့် result များသည်လည်း မတူညီပဲ ကွဲပြားတာကို တွေ့ရပါလိမ့်မယ်။
SE တစ်ခု၏အောင်မြင်မှုသည် အသုံးပြုသော algorithm များသည် ရှာဖွေမှုနှင့် လိုက်ဖက်မှုရှိသော result page များကို ရှာဖွေဖော်ပြနိုင်စွမ်းရှိမရှိပေါ်တွင် များစွာမူတည်ပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်တွင် SE ပေါင်း များစွာရှိသည့်အနက် တိကျသော result များကို ရှာဖွေဖော်ပြပေးနိုင်သော algorithm ကြောင့် Google သည် လူသုံးအများဆုံးနှင့် အောင်မြင်မှုအရှိဆုံး SE အဖြစ် ရပ်တည်လျှက် ရှိခြင်းပင်ဖြစ်ပါတယ်။
Google သည် result များ အစီအစဉ်တကျဖော်ပြနိုင်စေရန်အတွက် "PageRank" algorithm အပါအ၀င် အခြားသော ရာနှင့်ချီသည့် အခြေခံအကြောင်းအရင်းများပေါ်တွင် အလိုလျှောက်တွက်ချက် ဆုံးဖြတ်ပါတယ်။ ထိုရာနှင့်ချီသော အခြေခံအကြောင်းအရင်းများစွာတို့ထဲမှ အဓိကအရေးပါသော အချက်နှစ်ချက်ဖြစ်သည့် content analysis နှင့် Link Popularity တို့ကို အနည်းငယ် ရှင်းပြလိုပါတယ်..။

Content Analysis
Webpage တစ်ခုစီတွင် ပါဝင်သော အကြောင်းအရာသည် ရှာဖွေမှုနှင့် ဘယ်လောက်အတိုင်းအတာထိ လိုက်ဖက်မှု ရှိမရှိ ဆိုတာကို မိမိထည့်သွင်းရှာဖွေခိုင်းလိုက်သော keyword များအား တွေ့ရှိရမှု အကြိမ်အရေ အတွက်၊ တွေ့ရှိရသောနေရာ (title, heading) ၊ font size နှင့် keyword များအကြား တစ်ခုနှင့်တစ်ခု တည်ရှိ မှု အကွာအဝေးတို့ပေါ်တွင် မူတည်၍ တွက်ထုတ်ပါသည်။

Link Popularity
Webpage တစ်ခုရဲ့အရေးပါ အရာရောက်မှုကို ထို webpage ကို အခြား webpage ဘယ်လောက်များများမှ လာရောက်ချိတ်ဆက်ထားသလဲပေါ်မှာ မူတည်ဆုံးဖြတ်ပါတယ်။ အဲဒီ Link တွေထဲမှာ နာမည်ကျော်လူသုံးများ သော website နှင့် ချိတ်ဆက်ထားသော link များ ပါရှိပါကလည်း ပိုပြီး ဦးစားပေးဖော်ပြခံရမှာ ဖြစ်ပါတယ်။
Type of Search Engine
Search engine မှာ အဓိကအားဖြင့် (၂)မျိုးရှိပါတယ်။ individual search engine နဲ့ metasearch engine တို့ဖြစ်ပါတယ်။ ထို search engine (၂)မျိုးအပြင် search လုပ်နိုင်သော နောက်တစ်မျိုးရှိပါသေးတယ်။ အဲဒါက တော့ subject directory ပဲ ဖြစ်ပါတယ်။

Individual Search Engine
Web ပေါ်မှာ ကိုယ်ပိုင် database ရှိသော search engine များကို individual search engine လို့ ခေါ်ပါ တယ်။ Individual search engine တွေဟာ user များက ထည့်သွင်းရှာဖွေခိုင်းလိုက်တဲ့ keyword များကို အခြား သူတို့၏ database ထဲမှာ ရှာဖွေခြင်း မရှိပါဘူး။ မိမိရဲ့ကိုယ်ပိုင် database တစ်ခုထဲမှာသာ ရှာဖွေပြီး အဲဒီ keyword များပါရှိတဲ့ web page များကိုသာ result အဖြစ်ထုတ်ပေးပါတယ်။ အသုံးများသော individual search engine အချို့မှာ-
www.google.com
www.altavista.com
www.gigablast.com
www.wisenut.com
www.askjeeves.com
www.teoma.com တို့ဖြစ်ပါတယ်။

Metasearch Engine
Metasearch engine များသည် ကိုယ်ပိုင် database များတည်ဆောက်ထားခြင်း မရှိပါဘူး။ user များက ထည့်သွင်းရှာဖွေခိုင်းလိုက်တဲ့ keyword များကို အခြား individual search engine များ၏ database ထဲမှာ တစ်ပြိုင်နက်ဝင်ရောက်ရှာဖွေပြီး အဲဒီ keyword များပါတဲ့ web page များကို result အဖြစ်ထုတ်ပေးပါတယ်။ database ပေါင်းများစွာကို အသုံးပြုပြီး ရှာဖွေသောကြောင့် ရလာသည့် result များကလည်း ပိုပြီးများပါလိမ့် မယ်။ အသုံးများသော metasearch engine အချို့မှာ-
www.metacrawler.com
www.webcrawler.com
www.qbsearch.com
www.vivisimo.com
www.dogpile.com တို့ဖြစ်ပါတယ်။

Subject Directory
Subject Directory များသည် သာမန်အသုံးပြုနေကြ SE များနှင့် မတူပါဘူး SE များဟာ သူတို့ရဲ့ database များကို ကွန်ပျူတာ program များဖြစ်သော robot (သို့) spider တို့ကို အသုံးပြုပြီး တည်ဆောက်ထားပါတယ်။ Subject Directory များမှာတော့ ကွန်ပျူတာ program များကိုမသုံးပဲ ကျွမ်းကျင်သောပညာရှင်များဖြင့် အချိန် များစွာသုံးပြီး web page များကို subject များအလိုက် manually တည်ဆောက်ထားပါတယ်။ ဒါကြောင့် subject directory များ၏ database များဟာ SE များနှင့်ယှဉ်လိုက်လျှင် အလွန်သေးငယ်ပါတယ်။ သို့သော် လည်း လူများဖြင့် ရွေးချယ်စုစည်းထားသည့်အတွက်ကြောင့် ပိုမိုတိကျသော result များကို ရှာဖွေဖော်ပြပေးနိုင် ပါတယ်။ အသုံးများသော subject directory အချို့မှာ-
directory.google.com
directory.yahoo.com
www.dmoz.org တို့ဖြစ်ပါတယ်။

Basic Searching Method
ယခုဆက်လက်ပြီးတော့ ပိုမိုတိကျသော result များ ရရှိအောင် ရှာဖွေနိုင်သည့် အခြေခံနည်းစနစ်များကို ဖော်ပြလိုပါတယ်။ ထိုနည်းစနစ်များသည် search engine အများစုတို့တွင် အသုံးပြုနိုင်မည့် အခြေခံအကျဆုံး သော နည်းစနစ်များပင်ဖြစ်ပါတယ်။ ၎င်းတို့မှာ-
(1) Search Engine Math
(2) Boolean Searching
(3) Field Searching တို့ပဲဖြစ်ပါတယ်။

Search Engine Math
ပိုမို၍ တိကျကောင်းမွန်သော result များ ရရှိအောင် keyword များနှင့် အပေါင်း (+)၊ အနှုတ် (-)လက္ခဏာ များ တွဲဖက်အသုံးပြုပုံကို ဖော်ပြပေးသွားပါမယ်။ ယခုအောက်မှာဖော်ပြသွားမယ့် tip များဟာ search engine အများစုမှာသုံးနိုင်မည့် အခြေခံအကျဆုံးသော tip များပဲဖြစ်ပါတယ်။

Tip 1 ) "+" ကို ကိုယ်အဓိကလိုချင်တဲ့ အရေးကြီးဆုံးဖြစ်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါတယ်။ သဘော ကတော့ search engine ကို web page တိုင်းမှာ အဲဒီ keyword ပါရမယ်ဆိုပြီး ရှာခိုင်းလိုက်တာဖြစ်ပါတယ်။
ဥပမာ - +challenger columbia
(+နှင့် keyword ကြားမှာ Space မခြားရပါ) result အနေနဲ့ကတော့ search engine က ရှာပေးလိုက်တဲ့ web page တိုင်းမှာ "challenger" ဆိုတဲ့ စကားလုံး ပါပါလိမ့်မယ်။

Tip 2 ) "-" ကို ကိုယ်မလိုချင်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါတယ်။ သဘောကတော့ search engine ကို အဲဒီ keyword ပါတဲ့ web page များကို ဖယ်ထားခဲ့ဖို့ ခိုင်းလိုက်တာ ဖြစ်ပါတယ်။
ဥပမာ - +challenger -columbia
Result အနေနဲ့ကတော့ search engine ရှာပေးခိုင်းလိုက်တဲ့ web page တိုင်းမှာ "columbia" ဆိုတဲ့ စကား လုံး လုံးဝပါလိမ့်မည် မဟုတ်ပါ။

Tip 3 ) စကားလုံးတစ်လုံး မဟုတ်ပဲ စကားစုတစ်စုကို ရှာလိုတဲ့အခါမှာ double quotation " " ကို သုံးရပါ တယ်။ သဘောကတော့ search engine ကို double quotation " " အမှတ်အသားထဲမှာရှိတဲ့ စကားစုအတိုင်း အတိအကျပါတဲ့ web page များကိုသာ ရှာခိုင်းခြင်း ဖြစ်ပါတယ်။
ဥပမာ - "who moved my cheese"
result အနေနဲ့ကတော့ who moved my cheese ဆိုတဲ့ စကားစုပါတဲ့ web page များကိုသာ ဖော်ပြပါလိမ့် မယ်။

Tip 4 ) သချာင်္ပညာရပ်မှာဆိုလျှင် သင်္ကေတ "~" သည် အနီးစပ်ဆုံး approximately ဆိုတဲ့ သဘောဆောင် တယ်ဆိုတာ အများသိပြီး ဖြစ်ပါတယ်။ အဲဒီလို အများသိပြီးဖြစ်တဲ့ မှတ်သားရလွယ်တဲ့ ဒီသင်္ကေတကို Google တွင် အနီးစပ်ဆုံးအဓိပ္ပါယ်ဆင်တူသည့် စကားလုံးများကို ရှာဖွေနိုင်သည့် operator တစ်ခုအဖြစ် အသုံးပြုနိုင် ပါတယ်။
စကားလုံးတစ်လုံး၏ရှေ့မှာ Synonyms operator (~) ကို ထည့်သွင်းရှာဖွေတဲ့အခါမှာ ထိုစကားလုံးနှင့် အဓိပ္ပါယ်ဆင်တူသော အခြားစကားလုံးများကိုပါ ရှာဖွေဖော်ပြမှာဖြစ်ပါတယ်။
ဥပမာ health ~data ဟု ထည့်သွင်းရှာဖွေပါက data နှင့် အဓိပ္ပါယ်ချင်းဆင်တူသော information ၊ statistic စကာလုံးများပါဝင်သော ကျန်းမာရေးနှင့်ဆိုင်သည့် web page များကို ရရှိပါလိမ့်မည်။
အလားတူပင် ~run ဟုရှာဖွေလျှင်လည်း run စကားလုံးနှင့်ဆင်တူသော runners ၊ running ၊ marathon စကားလုံးများပါဝင်သော web page များကို ရရှိမှာဖြစ်ပါတယ်။

Tip 5 ) စကားစု (phrase) နှင့်စကားလုံးများကို +, - " " သင်္ကေတများနှင့်တွဲသုံးပုံကို လေ့လာကြည့်ရအောင်
ဥပမာ - +"white house" +clinton -lewinsky
သဘောကတော့ search engine ကို white house ဆိုတဲ့ စကားစုပါရမယ်။ clinton ဆိုတဲ့ စကားလုံး ပါရ မယ်။ lewinsky ဆိုတဲ့စကားလုံးမပါတဲ့ web page များကို ရှာခိုင်းလိုက်တာဖြစ်ပါတယ်။

Tip 6 ) အချို့သော search engine များဟာ case sensitive ဖြစ်ပါတယ်။ စကားလုံးတစ်လုံးကို စာလုံးအသေး (lower case) နဲ့ ရှာခိုင်းရင် အသေးရော အကြီးပါ (၂)မျိုးစလုံးပါတဲ့ web page များကို ရှာပေးပါလိမ့်မယ်။
ဥပမာ - minister
result အနေနဲ့ကတော့ minister နှင့် Minister (၂)မျိုးစလုံးပါသော web page များကို ဖော်ပြပါလိမ့်မယ်။
စာလုံးအကြီး (upper case) နဲ့ ရှာခိုင်းရင်တော့ လုံးဝထပ်တူညီတဲ့ စကားလုံးပါသော web page များကိုသာ ရှာပေးပါလိမ့်မယ်။
ဥပမာ - Minister
result အနေနဲ့ကတော့ Minister ဆိုတဲ့ စကားလုံးပါသော web page များကိုသာ ဖော်ပြပါလိမ့်မယ်။
မှတ်ချက်။ ။ Google ဖြင့် ရှာဖွေပါက case sensitive မဖြစ်ပါဘူး။ ဆိုရရင် minister ဖြစ်ဖြစ်၊ Minister ဖြစ် စေ တူညီသော result ကို ရရှိစေမှာ ဖြစ်ပါတယ်။

Tip 7 ) Wild cords (*) ကို စကားလုံးတစ်လုံးတည်းကိုပဲ spelling အမျိုးမျိုးနဲ့ တစ်ကြိမ်ထဲမှာပဲ စုပေါင်းရှာခိုင်း ချင်ရင် သုံးပါတယ်။
ဥပမာ - librar*
result အနေနဲ့ကတော့ library, libraries, librarian အစရှိတဲ့ စကားလုံးပါဝင်သော web page များကို ဖော်ပြပါလိမ့်မယ်။
မှတ်ချက်။ ။ Google မှာတော့ * သည် စကားလုံးတစ်လုံးကို ကိုယ်စားပြုပါတယ်။

Boolean Searching
အင်္ဂလိပ်သချာင်္ပညာရှင်ကြီး George Boole (1815-1864) ရေးသားခဲ့သော boolean logic နှင့် boolean operator များဖြစ်သည့် AND, OR နှင့် NOT တို့ကို စကားလုံး၊ စကားစုများနှင့် တွဲဖက်၍ တိကျသော result များ ရရှိအောင် သုံးစွဲပုံများကို ဖော်ပြသွားပါမယ်။

Boolean "OR"
"OR" operator ကို အသုံးပြုပြီး search engine မှာ ရှာမယ်ဆိုရင် ကိုယ်ထည့်ရှာခိုင်းလိုက်တဲ့ keyword များ ထဲမှ အနည်းဆုံး (၁)ခု ပါတဲ့ web page တွေရော၊ (၂)ခုစလုံးပါတဲ့ web page တွေရော ဖော်ပြပေးပါလိမ့်မယ်။ ဒါကြောင့် keyword များများပိုသုံးလေ ရလာမယ့် result က များလေလေ ဖြစ်ပါလိမ့်မယ်။ "OR" operator ကို အဓိပ္ပါယ်ဆင်တူတဲ့ စကားလုံးတွေ၊ ဒါမှမဟုတ် အကျိုးအကြောင်း ဆက်စပ်မှုရှိသော စကားလုံးများနှင့် အများဆုံး တွဲသုံးလေ့ရှိပါတယ်။

(ဆက်လက်ဖော်ပြပါဦးမည်)


မြန်မာ့ကွန်ပျူတာများအား ခြိမ်းခြောက်နေသော ဗိုင်းရပ်စ်များအကြောင်း။

ABOUT FLASHY VIRUS
(Flashy အကြောင်း တစေ့တစောင်း)


အခုလောလောဆယ် မြန်မာနိုင်ငံကွန်ပျူတာလောကမှာ ကူးစက်မှု များပြားသော virus ကို ပြပါဆိုလျှင် ဆယ် ယောက်မှာ ခုနှစ်ယောက်ကတော့ Flashy virus ကို လက်ညိုးထိုးကြလိမ့်မည်။ Flashy သည် worm အမျိုးအစား virus ဖြစ်သည်။ File Size သည် 21,158 Bytes ရှိသည်။ ထို virus ကို 2006 July 21 တွင် စတင်တွေ့ရှိခဲ့ကြ သည်။ ကူးစက်နိုင်သော စနစ်များမှာ Windows 95, Win98, Win ME, Win 2000, Win NT, Win Sever 2003, Win XP, Win Vista တို့ဖြစ်သည်။ Flashy သည် စက်ထဲစတင်ဝင်ရောက်သည်နှင့် ဖိုင်နှစ်ခုကို စတင်ဖန် တီးလိုက်သည်။
(1) %Systemroot%\Flashy.exe
(2) UserProfile%\StartMenu\Programs\Startup\systemID.pif
%Systemroot% သည် များသောအားဖြင့် C:\WINDOWS ကို ကိုယ်စားပြုသည်။
%UserProfile% သည် Windows XP တွင် C:\Documents and Settings\Account Name\ ကို ကိုယ်စား ပြုသည်။ (မှတ်ချက်။ အထက်ပါအကြောင်းအရာများသည် အများစုတွင် ရှိနိုင်သည်ကို ရေးထားခြင်း ဖြစ်သည်။ မိမိစက်အတွက် သိလိုလျှင် Start Menu မှ Run တွင် %systemroot% (or) %userprofile% ဟု ရိုက်၍ OK ကို နှိပ်လိုက်ပါ။

ထိုမျှသာမက Registry Settings တွင်လည်း ၀င်ရောက်ပြင်ဆင်လိုက်သေးသည်။ သို့မှသာ Windows တက် သည့်အခါတိုင်း virus သက်ဝင်လှုပ်ရှားနိုင်မည်ဖြစ်သည်။ Registry Setting ထဲသို့ဝင်ရောက်ရန် Start Menu မှ Run တွင် regedit (or) regedt32 ဟု ရိုက်ထည့်ပြီး OK ကို နှိပ်လိုက်ပါ။

HKEY_LOCAL_MACINE\Software\Microsoft\Windows\CurrentVersion\Run\"Flashy Bot"= "%System%\Flashy.exe"

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Advanced\ "Hidden"="2"

ံ(Hidden Files & Folder များကို မမြင်စေရန် ဖျောက်ပစ်သည်။ သို့မှသာ မူရင်း Folder များကို မမြင်ရဘဲ Virus များကိုသာ မြင်စေရန်အတွက် ရည်ရွယ်ထားသည်။)

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Advanced\ "HideFileExt"="1"
(File Extension များကို မမြင်စေရန် ဖျောက်ပစ်သည်။ သို့မှသာ Folder နှင့် Application ကို အလွယ်တကူ မှားယွင်းဖွင့်မိမည် ဖြစ်သည်။)

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer\ "No Folder Options"="1"
(Windows Explorer ၏ Tools Menu တွင် Folder Options ကို ဖျောက်ပစ်သည်။ သို့မှသာ အထက်တွင် ပြောင်းလဲထားမှုကို အသုံးပြုသူမှ အလွယ်တကူ ပြန်လည်မပြောင်းလဲနိုင်မည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အထက်ပါပြောင်းလဲချက်များကို Windows Explorer ရှိ Tools Menu အောက်က Folder Option မှတစ်ဆင့် ပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။ )

HKEY_LOCAL_MACHINE\SYSTEM\Current ControlSet\Services\Shared Access\
"Start"="4"
(Windows Firewall နှင့် Internet Connection Sharing ကို ပိတ်ရန်အတွက် Registry Settings တွင် ပြင်ဆင်လိုက်သည်။)

့HKEY_LOCAL_MACHINE\Software\Microsoft\Windows\Current Version\Policies\System\"DisableRegitd HyTools"="1"
(Virus မှ ပြုပြင်ထားသော Registry Settings များကို အသုံးပြုသူမှ ပြန်လည် မပြင်ဆင်နိုင်စေရန်အတွက် System Tools များဖြစ်သော Registry Editor နှင့် Task Manager ကို အသုံးပြုသူ မသုံးနိုင်စေရန်အတွက် ပိတ်ထားခြင်းဖြစ်သည်။)

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
System\"DisableTaskMgr"="1"
( Program များကို အသုံးပြုရန် ဖွင့်သောအခါ "Program is disabled by System Administrator" ဟူသော Error သာ တက်လာသည်ကို တွေ့ရမည်။ ထိုအခါ အလားတူလုပ်ဆောင်မှုများကို လုပ်ဆောင်ပေးနိုင်သော program များဖြစ်သည့် Registry Mechanic, Windows Manager, etc..) များကို သုံးနိုင်သည်။)
Flashy virus များသည် Administrator များကို Password ပေးသွားတတ်သည် ..။ အဲ့ဒီ password ကတော့ hacked ဖြစ်သည်။


Data Storage သမိုင်းကြောင်း

1. Data Storage
၁၉၅၆ လောက်က IBM ကုမ္ပဏီကနေ RAMAC 305 ဆိုတဲ့ ကွန်ပျူတာကြီးကို ထွင်တယ်။ ဟာ့ဒ်ဒစ်သုံးတဲ့ ပထမဦးဆုံး ကွန်ပျူတာလို့ ပြောနိုင်တယ်။ အလေးချိန်က တစ်တန်ကျော်လောက် ရှိတယ်။ ၂၄ လက်မ disk ပေါင်း ၅၀ ချပ်လောက်နဲ့ run ရတယ်။ မတ်တပ်ဗီရိုကြီး တစ်လုံးစာလောက် ထောင်ထားတဲ့ ကွန်ပျူတာနဲ့ ဒီခေတ်နှိုင်းယှဉ် လိုက်ရင် ကလေးကစားစရာလောက် ဖြစ်သွားမယ်။ အဲဒီ disk တွေပေါ်မှာ မောင်းတံ (arm) နှစ်ခုစီရှိပြီး မှတ်တမ်း တင်ထားတဲ့ track တွေကို လိုက်ပြီး ဖတ်ပေး၊ ရှာပေးတယ်။ အားလုံး စက်တစ်လုံးကို မောင်းနှင်ရ သလိုမျိုး မောင်းနှင်ပေးရတယ်။ စုစုပေါင်း အဲဒီ ကွန်ပျူတာကြီးထဲမှာ သိုလှောင် (storage) လုပ်နိုင်တဲ့ ပမာဏဟာ 7-bit character ပေါင်း လုံးရေ ၅ သန်း၊ ပမာဏအားဖြင့် တွက်ရင် (4.4 MB) လောက်ပဲရှိတယ်။


၁၉၆၂ ခုနှစ်လောက်ရောက်လာတော့ IBM ကပဲ IBM 1311 ကို ထပ်ထုတ်တယ်။ ဒီတစ်ခါ storage လုပ်တဲ့ disk တွေကို ပြောင်းရွှေ့ ထုတ်သွင်းလို့ ရလာပြီ။ အဲဒီ disk ပြားတစ်ပြားကို character ပေါင်း ၂ သန်းလောက် သိမ်းထားနိုင်တယ်။ ကိုယ်သုံးချင်တဲ့ application တွေကို သီးခြား disk တစ်ချပ်ချင်းစီမှာ သိမ်းထားနိုင်တဲ့ အဆင့်ကို ရောက်လာတယ်။
ထရန်စစ္စတာ နည်းပညာက ယခင်မီးလုံးကြီးတွေ (vacuum tube) နည်းပညာနေရာကို အစားထိုးလိုက်တယ်။ ကွန်ပျူတာဟာ့ဒ်ဝဲ အပိုင်းကို ထရန်စစ္စတာတွေနဲ့ လျှော့ချလို့ ရလာတော့ အရွယ်အစားလည်း လိုက်သေးလာ တယ်။ ဈေးလည်း သက်သာလာတယ်။

IBM 3330 ကွန်ပျူတာ ၁၉၇၁ ခုနှစ် ထွက်လာတယ်။ Disk တွေကို ပြောင်းထုတ်နိုင်ပြီး တစ်ချပ်ကို 100 MB လောက် ၀င်ဆန့်လာတယ်။ ၁၉၇၃ ခုနှစ်ထုတ် ကွန်ပျူတာမှာ disk တစ်ချပ်ကို 200 MB လောက် သိမ်းနိုင် နေပြီ။ သိမ်းချိန် access ကလည်း 30 ms နဲ့ data transfer နှုန်းက 800 kb/s ရလာတယ်။

၁၉၇၁ ခုနှစ်မှာ floppy disk တွေ ပေါ်လာတယ်။ Data သိုလှောင်တဲ့အပိုင်း မှာတော့ တော်လှန်ပြောင်းလဲလိုက်တဲ့ နည်းပညာတစ်ခုလို့ ပြောနိုင်တယ်။ သေးပြီး အိပ်ဆောင်၊ ခရီးဆောင် လုပ်လို့ရတဲ့ အဆင့် ဖြစ်လာတယ်။ အစောပိုင်းထုတ် floppy disk က ၈ လက်မလောက်ရှိတယ်။ နောက်မှ ၅ လက်မခွဲအရွယ်တွေ ၁၉၇၀ နှစ်ပိုင်း လောက်မှာ ထွက်လာတယ်။ ၃ လက်မခွဲ အရွယ်တွေက ၁၉၈၀ နှစ်ပိုင်းလောက်မှ ရောက်လာ တာ။

IBM 3380 ကွန်ပျူတာ ၁၉၈၀ လောက်မှာ ထွက်လာတယ်။ အဲဒီ မိန်းဖရိန်ကျတော့ drive ၈ ခု လောက်ပဲ ပါတော့တယ်။ တစ်ခုကို 2.5 GB လောက် သိမ်းနိုင်တယ်။ Drive တွေမှာ high-performance ကို ရတဲ့ cache memory တွေ ထည့်လာနိုင်ပြီး transfer speed က 3MB/s လောက်ဖြစ်လာတယ်။ ကွန်ပျူတာတွေရဲ့ အရွယ် အစားကလည်း ရေခဲသေတ္တာလောက် ဖြစ်လာပြီး အလေးချိန် ၅၅၀ ပေါင် (၂၅၀ ကီလိုဂရမ်) လောက်ပဲ လေး တော့တယ်။ ဈေးနှုန်းအနေနဲ့ကြည့်ရင် ဒေါ်လာ ၆၄၈,၀၀၀ ကနေ ၁,၁၃၆,၀၀၀ လောက်အထိပဲ ရှိတော့တယ်။

၁၉၈၀ နှစ်ပိုင်းလောက်မှ အိမ်သုံးကွန်ပျူတာတွေ ပေါ်လာတာ။ အရွယ်သေးသေး၊ ဈေးသက်သက်သာသာ၊ disk-drive တွေကလည်း ဈေးကွက်မှာ ၀ယ်နိုင်တဲ့ အနေအထား ရောက်လာတယ်။ ပထမဦးဆုံး သိုလှောင် ဟာ့ဒ်ဒစ်ပမာဏကို အိမ်သုံးမှာ 5MB လောက်ပဲ ရသေးတယ်။ ၁၉၉၀ လောက်ကျမှ 100 MB လောက်အထိ သုံးလာနိုင်တယ်။

၁၉၉၀ နောက်ပိုင်းမှာ data storage အပိုင်း အံ့သြလောက်အောင် တက်လာတယ်။ Floppy disk တွေ နေရာမှာ CD-ROM တွေ နေရာယူလာတယ်။ CD-ROM တွေ ခေတ်မှိန်ပြီး DVD-ROM တွေ ထပ်ထွက်ပြန်တယ်။ နောက်ထပ် Blu-ray တွေ ထပ်ထွက်တယ်။ အိမ်သုံး PC တွေမှာ 100 GB လောက်ဆိုတာ သာမန်သုံးလောက် ဖြစ်လာတယ်။ ၂၀၀၅ လောက်ကတည်းက ပြောင်းလဲလာတာပါ။ ၂၀၁၀ ကျပြန်တော့ 1 terabyte (1 TB) လောက် ရောက်လာတယ်။

၂၀၀၀ ပြည့်နှစ်ပိုင်းလောက်မှာ SD (Secure Digital) ကတ်တွေ ထွက်လာပြီ။ အရွယ်အစားကလည်း လက်မ လက်သည်းခွံလောက်ပဲ ရှိတော့တယ်။ ဒစ်ဂျစ်တယ် ကင်မရာ၊ ဖုန်း၊ MP3 player တွေအပြင် အခြား လက်ကိုင် သုံးပစ္စည်း အတော်များများမှာ ထည့်သုံးနိုင်လာတယ်။

နောက်ပိုင်း Micro-SD ကတ်တွေ ပေါ်လာတယ်။ လက်သည်းခွံထက်တောင် သေးသွားသေးတယ်။ ၂၀၁၀ လောက်မှာ ဒေတာတွေကို 32 GB လောက် သိမ်းနိုင်တယ်။ အရွယ်အစားကလည်း 11 x 15 mm လောက်အထိ ကျုံ့ သွားတယ်။ အလေးချိန်က ၀.၅ ဂရမ်နဲ့ ဒေါ်လာ ၁၀၀ လောက်ပေးရင် ရနိုင်တယ်။
ကဲ... ကျွန်တော်တို့ နောက်အနာဂတ်ကို မှန်းကြည့်လိုက်စမ်းမယ်။ နောက် နှစ်ပေါင်း ၃၀ အကွာလောက်ကိုပဲ မှန်းမှာပါ။ ယခုလက်ရှိ ကတ်တွေထက် အဆ ၃ သန်းလောက် ပိုသေးပြီး၊ အဆ တစ်သောင်းလောက် ပိုဈေးပေါတဲ့ ပစ္စည်းတွေ ထွက်မလာဘူးလို့ မပြောနိုင်ပါဘူး။ လူတွေက အစအစအရာရာ စိတ်ဓာတ်က အစ ကျုံ့ နေကြတာ မဟုတ်လား။

အနာဂတ်မှာ ကွန်ပျူတာနဲ့ ပတ်သက်ပြီး သိုလှောင်နိုင်စွမ်းတွေဟာ ထပ်ညွှန်းကိန်းတွေနဲ့ ယှဉ်ပြလို့ရအောင် အဆတွေ တိုးလာမှာ သေချာတယ်။ မကြာပါဘူး။ နောက်ထပ် ရာစုတစ်ဝက်လောက်ပဲ စောင့်ရတော့မှာပါ။ လူတွေက ပစ္စည်းတွေကို သေးအောင်ချုံ့ ပြီး စွမ်းအားတွေကို အဆတိုးအောင် လုပ်လာကြမှာလည်း သေချာ တယ်။ ကာဗွန်နာနိုကျု ဆိုတဲ့ နည်းပညာက အစိတ်အပိုင်းတွေကို atom-by-atom စီစဉ်လာနိုင်ပြီ ဆိုတော့ ဆန်စေ့လေး တစ်စေ့လောက်နဲ့လည်း အစွမ်းထက်မှာ သေချာတယ်။

လူ့ဦးနှောက်မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်စွမ်းဟာ သုံညနဲ့ တစ်ဆယ်ကြား သူ့ အကန့်အသတ်နဲ့ သူ ရှိနေတယ်။ အကြမ်းဖျင်း ပြောရရင် 3 terabytes လောက် သိမ်းဆည်းနိုင်စွမ်း ရှိတယ်လို့ ဆိုတယ်။ နောက်ပိုင်း ဟာ့ဒစ်တွေ ကိုလည်း အဲဒီ ပမာဏအတိုင်းရအောင် တီထွင်လာနေကြတာ တွေ့ ရတယ်။

၂၀၁၁ မှာ 128 GB micro-SD ကတ်တွေ ထုတ်တော့မယ်။ သူ့ရဲ့ pipeline က 2 TB လောက်အထိ ထုတ်ဖို့ လည်း မဖြစ်နိုင်စရာအကြောင်း မရှိဘူး။

၂၀၂၀ မကုန်မီမှာ မိုက်ခရို SD ကတ်တွေဟာ လူ့ဦးနှောက်က သိမ်းဆည်းဝင်ဆန့်နိုင်တဲ့ ပမာဏအတိုင်းလောက် ကို ထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။

၂၀၃၀ လောက်ရောက်ရင် မိုက်ခရို SD ကတ်တွေမှာ လူသား ဦးနှောက်ပေါင်း ၂၀,၀၀၀ လောက်နီးပါး သိုလှောင်နိုင်စွမ်းတဲ့ မှတ်ဥာဏ်မျိုးကို ရလာလိမ့်မယ်။

၂၀၄၃ လောက်ကျရင် မိုက်ခရို SD ကတ်တွေမှာ 500 billion gigabytes လောက် သိမ်းဆည်းလာနိုင်ပြီး ၂၀၀၉ ခုနှစ်က အင်တာနက်မှာ သိမ်းဆည်းနိုင်တဲ့ ပမာဏစွမ်းအားလောက်ကို ရလာလိမ့်မယ်။

၂၀၅၀ လောက်ကျရင် လူသားဦးနှောက် သိမ်းဆည်းနိုင်တဲ့ ပမာဏရဲ့  သုံးဆလောက်ကို မိုက်ခရို SD ကတ်တွေက သိမ်းဆည်းနိုင်လိမ့်မယ်။

အင်တာနက်သုံးစွဲသူပေါင်း၂၀၂၀ လောက်ကျရင် အင်တာနက် သုံးစွဲသူပေါင်း 5 billion လောက် ရှိလာလိမ့်မယ်။ ၁၉၈၇ ခုနှစ် ကမ္ဘာ့ လူဦးရေ ခန့်လောက်ကို ရှိလာတာ။ ၂၀၁၀ မှာ ၁.၇ ဘီလီယံလောက်ရှိလာပြီး ၂၀၀၀ ပြည့်နှစ်ကမှ သန်း ၃၆၀ လောက်ပဲ ရှိသေးတာနဲ့ နှိုင်းယှဉ် ကြည့်နိုင်တယ်။ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပါ အင်တာနက်ကို သုံးစွဲခွင့် ရလာတဲ့အပြင် ဈေးနှုန်းကလည်း သက်သာ၊ နည်းပညာ ကလည်း အစွမ်းထက်လာတာကြောင့် သုံးစွဲသူဦးရေ တိုးနေဦးမှာ သေချာတယ်။ နောက်ပိုင်း laptop တစ်လုံးကို ၁၀ ဒေါ်လာလောက်နဲ့ ၀ယ်သုံးနိုင်တဲ့ခေတ် ရောက်လာလိမ့်မယ်။ Mobile broadband ကိုပဲ လူတွေ သုံးလာကြ မှာဆိုတော့ ကြိုးရှုပ်တဲ့ခေတ် ဖြစ်စရာ မလိုတော့ဘူး။ ကမ္ဘာမှာ အင်တာနက် မရှိတဲ့နေရာ၊ မသုံးနိုင်တဲ့နေရာ မရှိ အောင် ကမ္ဘာကြီးက ဖွံ့ ဖြိုးတိုးတက်လာပါလိမ့်မယ်။ ရုပ်ပတ်ဝန်းကျင် ဖွံ့ ဖြိုးတိုးတက်လာသလို စိတ်ဓာတ် တွေလည်းဖွံ့ဖြိုးတိုးတက်လာဖို့မျှော်လင့်မိပါတယ်။

Ref:

http://www.sizes.com/people/brain.htm
http://www.physorg.com/news143893844.html
http://www.zdnet.co.uk/news/desktop-hareware/
http://www.guardian.co.uk/business/2009/may/
http://www.networkworld.com/news/


User Password မေ့သွားလျှင်ပြန်ဖျက်နည်း

User Password မေ့သွားလျှင်ပြန်ဖျက်နည်းတစ်ခါတစ်ရံမှာကိုယ့်ရဲ့ကွန်ပျူတာမှာပေးထားတဲ့ password မေ့သွားပြီးဖွင့်လို့မရတာကိုကြုံဖူးကြမှာပါ။
အဲဒီဖြစ်သွားရင်အလွယ်တကူ Windows ကို format ချပြီးတော့ password ကိုဖျက်လိုက်ကြပါတယ်။
ဒီလိုလုပ်ဆောင်တာဟာWindowsနှင့်သက်ဆိုင်ရာ driverတွေကိုပြန်တင်ရတာတွေ၊ applicationပြန်တင်ရတာတွေ့ကြုံရလို့အချိန်ကြန့်ကြာစေပါတယ်။
ကွန်ပျူတာတင်တဲ့အခါမှာ build-in administrator account ကို password မပေးဘဲနဲ့တင်ပြီး Windows တက်လာမှ password ပေးထားခဲ့လျှင်ယခုဖေါ်ပြမည့် password အသစ်ပြန်ပေးခြင်း နဲ့ဖျက်ခြင်းလုပ်ငန်းကအသုံးဝင်မှာဖြစ်ပါတယ်။

၁။ Windows ကို restart လုပ်လိုက်ပါ။
၂။ Windows တက်လာတဲ့အခါ F8 ကိုနှိပ်ပြီးတော့ Advance mode ထဲကိုဝင်ပါ။
၃။ Advance mode ထဲရှိ Safe mode ကိုရွေးပြီး Enter ခေါက်လိုက်ပါ။
၎။ Safe mode ထဲကိုရောက်သွားတဲ့အခါမှာတော့ built in administrator account ကို တွေ့ရမှာဖြစ်ပါတယ်။
၅။ built in administrator ထဲကိုဝင်လိုက်ပါ။
၆။ Keyboard ရှိ Window logo နှင့် R ကိုတွဲနှိပ်ပြီး run dialog box ကိုခေါ်ပါ။ ၇။ComputerManagementWindow ပေါ်လာခဲ့လျှင်အဲဒီအထဲက System Tools အောက်မှာရှိတဲ့ Local Users and Groups ကို click ခေါက်လိုက်ပါ။
၈။ User ဆိုတဲ့ Folder ကို click ခေါက်ပါ။
User ထဲရှိ Password ပြောင်းချင်တဲ့ account ကို double click ခေါက်ပါ။
၉။ Account ရဲ့အမည်ကို double click ခေါက်လိုက်တဲ့အခါမှာ account ရဲ့ properties windows ပေါ်လာပါလိမ့်မယ်။
၁၀။ အဲ့ဒီ account ရဲ့ properties windows ထဲမှာ General, Member နဲ့Profile သုံးခုကိုတွေ့ရပါလိမ့်မယ်။
၁၁။ General Top ရဲ့အောက်မှာရှိတဲ့ Full name နဲ့ Description တို့အောက်မှာ o User must change password at next logon o User cannot change password o Password never expires o Account is disabled o Account is locked out ဆိုပြီး check လုပ်နိုင်တဲ့ ၅ ခုကိုတွေ့ရပါလိမ့်မယ်။
၁၂။ အထဲက user must change password at next logon မှာ clickခေါက်ပြီးအမှန်ကလေးပေါ်လာအောင်လုပ်လိုက်ပါ။

ကျန်တဲ့အရာတွေမှာအမှန်ကလေးတွေရှိနေခဲ့လျှင်click ခေါက်ပြီးဖြုတ်ပေးလိုက်ပါ။
ok ကို click ခေါက်ပြီးတော့ပြန်ထွက်လိုက်ပါ။
ပြီးလျှင် Windows ကို restart လုပ်ပြီး Password ကိုပြောင်းပေးလိုက်လျှင် Password အသစ်ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။

(ဒီလိုမလုပ်ချင်ဘူးဆိုလျှင် Password ပြောင်းချင်တဲ့ account မှာ right click ခေါက်ပြီး New Password နဲ့ Confirm Password မှာပေးချင်တဲ့ password ရိုက်ထည့်ပြီး ok ခေါက်လိုက်လျှင်လည်းpassword ပြောင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

ဒီလိုလုပ်ဖို့မဖြစ်နိုင်တဲ့အခါ built-in-administrator မှာပေးထားတဲ့ password ကိုမေ့သွားတဲ့အခါမှာတော့ command line ကိုအသုံးပြုခြင်း (သို့မဟုတ်) သီးသန့် software များကိုအသုံးပြုခြင်းဖြင့်administrator ရဲ့ password ကိုဖျက်နိုင်ပါသေးတယ်။)


Window 7 ကို စွမ်းအားမြင့်မားစေရာအချက်များ

အခုအချိန်ကာလဆိုရင် window 7 ရဲ့အရသာကို တွေ့နေလောက်ပါပြီ။ Window 7 ဟာ vista ထက်ပို ပြီးတော့မြန်တယ်ဆိုတာတော့ မငြင်နိုင်းပါဘူး။ ဒါပေမယ့် 7 က စက်ဖွင့်ရင်စောင့်ရအောင် Microsoft က အင်ဂျင်နီယာတွေက လက်စွမ်းပြထားတာကိုတော့ ဘယ်သူမှမကျော်နိုင်သေးဘူး။ window 7 မှာ install လုပ်ချိန်ကတည်းက speed ကို မြန်အောင်လုပ်တဲ့နည်းတွေရှိပါတယ်။
Windows-7ကိုစွမ်းအားနဲ့အမြန်နှုန်းမြှင့်စေဖို့ ပြသနာ တစ်ခုကတော့ သူ့ operating system ရဲ့ visual feature တွေပါ။ မြင်ကွင်းကို မျက်စိပသာဒကောင်းလွန်းအောင်လို့ ဖန်တီးထားတာတွေက visual effect တွေက အများကြီးပတ်သက်နေတယ်။ အဲ့ဒါနဲ့ပါတ်သတ်ပြီးတော့ အချက်တွေကိုဖော်ပြချင်ပါတယ်။
၁။ Bloatware ကို uninstall လုပ်ပါ။ Start -> Control panel -> Program and Features ထဲက ကိုယ်မလိုတဲ့ application တွေ ၊ game တွေ ကို uninstall လုပ်ပါ။ အချို့ program တွေက ကွန်ပျူတာဖွင့်ကတည်းက Run နေတာတွေရှိပါတယ်။ CPU နဲ့ RAM က လိုတာထက်ပိုပြီးတော့ ၀န်ထုပ်ထမ်းနေရသလိုဖြစ်နေတယ်။
၂။ Window အတက်မြန်ဖို့အတွက် Startup Process ကို ကန့်သတ်ထားပါ။ Start -> Rum ( window key + r) ခေါ်လိုက်ပါ။ Rum box ကျလာရင် mscomfig လို့ရိုက်ထည့်ပါ။ System Configuration box ပေါ်လာရင် (က)System Configuration Utility ရဲ့ Services ကို ၀င်ပြီး အရင်ဆုံး Hide All Microsoft Services ကိုအမှတ်ခြစ်ပါ၊(Windows ဟာ Microsoft Services တွေနဲ့ တိုက်ရိုက်ပက်သက်နေလို့  မှားမဖြုတ်မိအောင်) ပြီးရင် အထဲမှာ မလိုအပ်ဘူး ထင်တဲ့ Services တွေကို Blank(uncheck)လုပ်ပါ၊ (ခ) Startup ဆိုတဲ့ tab ကိုကလစ်။ အဲ့အထဲမှာ ကိုယ်တင်ထားတဲ့စာရင်းအတိုင်း application လေးတွေကို တွေ့ရလိမ့်မယ်။ အဲ့အထဲမှာ အမြဲတမ်း Rum နေဖို့မလိုတဲ့ application တွေကို အမှန်ခြစ်လေးဖြုတ်လိုက်ပါ။ လိုအပ်တဲ့အချိန်လောက်မှဘဲထုတ်သုံးရမည့်ဟာတွေပါ။(windows တက်ပြီးရင်မှ အသုံးလိုမှ ဖွင့်သုံးတာ ကောင်းပါတယ်)။ (ဥပမာ- skype, Gtalk ,Google Update နဲ့ Quick Time တို့လို ပရိုဂရမ်တွေ သုံးချင်တဲ့အချိန်မှ ဖွင့် သုံးတာကောင်းပါတယ်။ နောက်တစ်ခု ကောင်းတာက ဘာမှန်းညာမှန်း မသိဘဲ စက်ဖွင့်တာနဲ့  လှုပ်ရှားသောင်းကျန်တဲ့ Spyware တွေ Trojans တွေ ကာကွယ်ပြီးသား ဖြစ်သလို ဘယ်လိုမှ Uninstall (ဖြုတ်ချလို့ ) မရတဲ့ Spyware programs တွေ ကိုချုပ်ထားပြီးသား ဖြစ်တယ်။ပြီး မှ programs files ထဲ ကနေ Folder တစ်ခုလုံး Delete လုပ်လို့ ရတာ)၊ အားလုံးပြီးရင် Apply–> Ok နှိပ်ပြီး Restart လုပ်ပါ။ Windows ပြန်တက်လာလို့  Message ပေါ်လာရင် Don’t Show Me Again လုပ်ပြီး OK နှိပ်ပါ။
၃။ ပြန့် ကြဲနေတဲ့ ဖိုင်အပိုင်းအစ တွေကိုပြန်စုစည်းဖို့  Disk Defragment လုပ်ပါ၊ My Computer ကို Right Click နှိပ်ပြီး–>Manage ထဲကိုဝင်ပါ၊ Storage–>Disk Defragment ကိုနှိပ်ပြီး ညာဘက်ခြမ်းထဲက HDD တွေကို တစ်ခုခြင်း ရွေးပြီး အောက် မှ Analyze အရင်လုပ် ပြီး Disk Defragment လုပ်ပါ။
၎။ Windows မှာ သိပ်မလိုအပ်တဲ့ Desktop Background slite show နဲ့ Aero Effects တွေကို ပိတ်ပါ။ Start-> Control Panel -> ထဲမှ System ကိုဖွင့်ပါ၊ System Properties -> Advanced Tag-> Performance ရဲ့ Setting ထဲကိုဝင်ပါ၊ Performance options–> Visual Effets –> Customs ကိုရွေး ပြီး အောက်ဆုံး Effects (၃) ခု ကိုပဲ အမှတ်ခြစ်ပြီး ကျန်တာတွေကို Blank ထားပါ။ ပြီးရင် Apply –> OK နှိပ်ပါ။
၅။ Paging Files တွေ အတွက် Virtual Memory ကိုမြှင့်သုံးဖို့  အထက်ပါအဆင့်အတိုင်းပြန်သွားပြီး Performance Options–>Advanced ထဲကိုဝင်ပါ၊ အကန့် သုံးခုရဲ့ အောက်ဆုံးအကန့် Virtual Memory မှာ Change ကိုနှိပ်ပါ၊ Virtual Memory ထဲမှာ လက်ရှိ ၀င်းဒိုး တင်သုံးထားတဲ့ ဟာ(ဒ်)ဒစ် ကိုရွေးပြီးဖြစ်နေမယ်၊ Space Available နှင့် အောက်ဆုံးမှာ ဖော်ပြထားတဲ့ Recommended ပမာဏ အတိုင်း Initial Size(MB) နှင့် Maximum Size (MB) နေရာတွေမှာ ပြောင်းထည့်ပါ၊ ပြီးရင် Set–> OK ကိုနှိပ်ပြီးပြန်ထွက်ပါ။
၆။ Internet ကိုအသုံးပြုတဲ့ Computer Userတွေ Internet Explorer, Firefox စတဲ့ Web Browser တွေရဲ့ Temporary Files တွေကိုရှင်းဖို့ မေ့နေတတ်ကြတယ်။ Internet Explorer ကိုရှင်းဖို့  Start–>Control Pannel–> Internet Options ကိုသွားပါ၊ General ထဲမှ Temporary Internet Files မှ Delete Cookies Delete, Delete Files လုပ်ပါ၊ ပြီးရင်ဘေးက Setting ထဲကိုဝင်ပြီး Amount of Disk space to use ကို 25 MB လောက်ပဲထားပါ၊ OK နှိပ်ပြီး Internet Options ရဲ့ နောက်ဆုံး Tag ဖြစ်တဲ့ Advanced ကိုသွားပါ၊ Steeings အောက်ထဲက Security နေရာ မှာ Empety Temporary Internet Files Folder when Internet Browser is closed ကို ရှာပြီး အမှတ်ခြစ်ပါ။(Internet Browser ကိုပိတ်ပြီးတာနဲ့  Temporary Files တွေကိုဖျက်ပြီးဖြစ်အောင်လို့ ပါ) ပြီးရင် Apply–> OK နှိပ်ပါ။ Firefox အတွက် ကတော့ Tools ရဲ့ အောက်မှ Clear Private Data လုပ်ရင် ရပါပြီ။
အဲဒီ အချက် (၆) ချက်လောက် လုပ်ရင် စက်ရဲ့  Performance ဟာ အလွန်ကောင်းတဲ့အနေအထား ဖြစ်သွားပြီး သုံးရတာ မြန်ဆန်သွက်လက်နေပါမယ်......။


ကွန်ပျူတာအကြောင်းလေး အရင်မိတ်ဆက်လိုက်ရအောင်

What is computer?
Computer is an electronic device that processes data according to a set of stored data.
ကွန်ပျူတာသည်အီလက်ထရွန်းနစ်ပစ္စည်းဖြစ်ပြီး ထည့်သွင်းသိမ်းဆည်းထားသောအချက်အလက်များအရ
တွက်ချက်ဆောင်ရွက်ပေးသောအရာဖြစ်သည်။

ကွန်ပျူတာမှာဘာတွေပါသလဲ? 
ကွန်ပျူတာတွင် Hardware နှင့် Software ဟူ၍အဓိကအစိတ်အပိုင်းနှစ်ခုပါရှိသည်။
Hardware သည်လက်ဖြင့်ကိုင်တွယ်နိုင်သော ကွန်ပျူတာအစိတ်အပိုင်းအားလုံးကိုခေါ်ဆိုနိုင်သည်။
Software သည်လက်ဖြင့်ကိုင်တွယ်၍မရ Hardware Drive တစ်ခုခုတွင်ထည့်သွင်းအသုံးပြုရသော အရာကိုခေါ်ဆိုသည်။
Hardware တွင် ကွန်ပျူတာပစ္စည်းများဖြစ်သော Monitor,keyboard,mouse,CPU, Hard disk
အစရှိသည်တို့အားလုံးပါဝင်သည်။Software တွင် ကွန်ပျူတာတွင်တွဲဖက်အသုံးပြုရသော Operating
System များနှင့်အတူ ရုံးသုံးဆော့ဝဲ Microsoft office,ဓါတ်ပုံပြင်နိုင်သော Photoshop, ရုပ်သံဖိုင်များကြည့်ရန် Media Player အစရှိသည်တို့အားလုံးအကျုံးဝင်သည်။
အီလက်ထရွန်းနစ်ပစ္စည်းများအားလုံး လျှပ်စစ်ဓါတ်အားလိုအပ်သဖြင့်ကွန်ပျူတာတွင်လည်း အစိတ်အပိုင်း
အသီးသီးသို့ ဓါတ်အားပေးရန် Power Supply လိုအပ်သည်။ လျှပ်စစ်ဓါတ်အားတည်ငြိမ်မှုရှိစေရန်
UPS ကိုတွဲဖက်အသုံးပြုလေ့ရှိကြသည်။

ကွန်ပျူတာဘယ်လိုအလုပ်လုပ်သလဲ ?
ကွန်ပျူတာလုပ်ဆောင်ချက်ကိုရှင်းပြရန်အောက်ပါတို့ကိုသိထားရမည်။
Input (ခိုင်းစေချက်)
Keyboard,Mouse,Scanner ,etc..
Output(ဖော်ပြချက်)
Monitor, Printer,etc..
Process(တွက်ချက်မှု)
Central Processing Unit (CPU)
Storage(သိမ်းဆည်းမှု)
Memory
Hard Disk
VCD, DVD Drive
ပုံကိုကြည့်ပါ....






ကွန်ပျူတာအသုံးပြုသူမှထည့်သွင်းလိုက်သော ခိုင်းစေချက်(input)ကို တွက်ချက်မှု(process)
များပြုလုပ်ပြီးကွန်ပျူတာရှိ(storage)များ အတွင်းသိမ်းဆည်းပေးသည်။ရလဒ်ကို ကွန်ပျူတာသုံးပြု
သူအားဖော်ပြ (output ) ပေးသည်။Memory နှင့် Storage သည် Processing ပြုလုပ်ရာတွင်
ကူညီပေးရသဖြင့် အသွားအပြန်သဘောသက်ရောက်ရန် မျှား အပြန်အလှန်ပြထားသည်။

ကွန်ပျူတာဘယ်နှစ်မျိုးရှိသလဲ ?
ယေဘုယျသတ်မှတ်ထားသောကွန်ပျူတာအမျိုးအစားမှာ (၄) မျိုးရှိပါသည်။

1. Mini Computer
Net book, Note book ကဲ့သို့ကိုယ်ပိုင်ကွန်ပျူတာအသေးစားလေးများကိုဆိုလိုသည်။

2. Micro Computer
တစ်ကိုယ်ရေသုံး၊ရုံးသုံး၊ကျောင်းသုံးကွန်ပျူတာများကိုဆိုလိုသည်။စွမ်းဆောင်ရည်သင့်တင့်သည်။

3. Main Frame Computer
ကြီးမားသောတွက်ချက်မှု Projectများဆောင်ရွက်ရန်အဆင့်မြင့်တွက်ချက်မှုစနစ်ထည့်သွင်းထားသော
ကွန်ပျူတာကြီးဖြစ်ပြီးFrame Computerတစ်ခုတည်းကို ..monitor အများအပြား ၀ိုင်းအသုံးပြုသည်။
ဘဏ်လုပ်ငန်း အိုင်တီလုပ်ငန်းများတွင် Main Frame Computer ကိုအသုံးပြုသည်။

4. Super Computer
အေသေးစိတ်တွက်ချက်မှုများကို အထူးလျှင်မြန်သောနှုန်းဖြင့်ဆောင်ရွက်နိုင်စွမ်းရှိသောကွန်ပျူတာ
(သို့မဟုတ်)ကွန်ပျူတာအစုအဝေးကြီးဖြစ်သည်။ နယူးကလိယစက်ရုံ၊ရာသီဥတုကိုတွက်ချက်
တိုင်းတာသောဌာန များတွင်အသုံးပြုသည်။