Shortcut to ... ကို ဖျောက်ကြမယ်


Folder သို့ File တွေ Photo နဲ့ တခြားဖိုင်တွေကို ShortCut ခေါ်ရင် ..
ပေါ်လာတဲ့ ShortCut နာမည်မှာ Shortcut to ... ဆိုတဲ့ နာမည်
ပါနေတယ်ဆိုတာ သတိထားမိကြမှာပါ ..။

ကျွန်တော်ကတော့ အဲဒီနာမည်ကြီး မကြိုက်လို့ အရှေ့က
Shortcut to ဆိုတာကိုလိုက်ဖျက်ပစ်နေကျပါ .. ။
အဲဒီလို မကြိုက်လို့ လိုက်ဖျက်နေရတဲ့ မောင်နှမ များအတွက် ..
တစ်ခါတည်း မပါအောင် ပြုပြင်နည်းလေး တင်ပြလိုက်ပါတယ် ..။

registry editor ခေါ်ပါ ..။ (win + r) ကိုနှိပ်လိုက် အဲ့မှာ regedit ရိုက်ထည့်ပြီး enter

HKEY_CURRENT_USER/Software/Microsoft/Windows/CurrentVersion/Explorerထိ ရောက်အောင်သွားပါ.။

ညာဖက်ခြမ်းမှာ Link ဆိုတာကို ရှာပြီး hex တန်ဖိုးကို 00,00,00,00 ပြောင်းလိုက်ပါ။

OK နှိပ်ပြီး Registry editor က ထွက်ပြီး Computer ကို Restart ချလိုက်ပါ။
ShortCut တခုလောက်ခေါ်ကြည့်လိုက်ပါ ။ ShortCut to ဆိုတာ မပါတော့ပဲ
မူရင်းနာမည်ပဲ ဖြစ်နေတာကို တွေ့ရမှာပါ..။

အဆင်ပြေကြပါစေ ..။

No comments:

Post a Comment