အင်တာနက်မျက်မှန် Google မိတ်ဆက်

အင်တာနက် ကုမ္ပဏီကြီးတခုဖြစ်တဲ့ Google က မကြာခင် အနာဂတ်မှာ တွေ့မြင်လာရမယ့် တီထွင် ဖန်တီးမှုတခုအဖြစ် Project Glass လို့ အမည်ပေးထားတဲ့ မျက်မှန် နည်းပညာအသစ်တခုကို ထုတ်ဖော်ပြသလိုက်ပါတယ်။ အသုံးပြုသူအနေနဲ့ အင်တာနက်နဲ့ ဆက်သွယ်ထားတဲ့ ခေတ်လွန်ပုံစံ မျက်မှန်သစ် တမျိုးကို နယူးယောက်မြို့မှာ ဒီတပတ်ထဲ ထုတ်ပြလိုက်တာပါ။မျက်မှန်တပ်ထားသူဟာ လမ်းလျှောက်ရင်း အင်တာနက်ပေါ်မှာ Chatting စကားပြောလို့ ရမှာဖြစ်သလို မြေပုံလမ်းညွှန်တွေ၊ ကိုယ် သွားမယ့် မြေအောက်ရထားဘူတာ ပိတ်ထားသလား ဆိုတာကိုတောင် သိနိုင်မှာဖြစ်ပါတယ်။ မျက်မှန်နဲ့ ဓာတ်ပုံရိုက်ယူလို့ ရသလို အနီးအနားမှာ မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေသလား ဆိုတာကိုလည်းရှာဖွေပေးမှာပါ။ ကော်ဖီသောက်ချင်တယ်ဆိုရင်လည်း အနီးဆုံးဘယ်နေရာမှာရှိမလဲ ဆိုတာကို သိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း မျက်မှန်သစ်ဟာ လတ်တလော စမ်းသပ်တဲ့ အဆင့်မှာပဲ ရှိနေသေးပြီး ဆိုင်တွေမှာ ၀ယ်လို့တော့ မရသေးဘူးလို့ Google ကပြောပါတယ်။ ဒီမျက်မှန်ကို တခြား ဘယ်နေရာတွေမှာ သုံးလို့ ရဦးမလဲဆိုတာ လူတွေရဲ့ အကြံပေးချက်တွေကို လိုချင်တယ်လို့လည်း ပြောပါတယ်။ဒီလိုပဲ လူတဦးချင်း လွတ်လပ်ခွင့် ထိခိုက်နိုင်တဲ့ အပိုင်းတွေ ရှိမရှိ၊ နည်းပညာကျွမ်းကျင်သူတွေရဲ့အမြင်တွေနဲ့ ပါဝါမျက်မှန် တပ်ဆင်ရသူတွေအတွက် မျက်မှန်သစ်ကို ဘယ်လိုသုံးလို့ ရနိုင်မလဲဆိုတာတွေကိုလည်း စဉ်းစားမယ်လို့ Google ကုမ္ပဏီက ပြောပါတယ်။

Powered by VOA


Windows Registry မိတ်ဆက် (၂)

Windows Registryအပိုင်းကို ပြန်ပြီးတင်လိုက်ပါတယ်... သိပြီးသားလည်း ဖြစ်နိုင်ပါတယ်... သိပြီးသားသူတွေမှတ်မိသွားအောင်နဲ့ မသိသေးတဲ့သူတွေလည်း သိသွားရအောင်ပါ။ ဒါ့အပြင် နောက်ထပ်တင်ပေးသွားမယ် Windows Registry Hacking တွေကိုလည်း အလွယ်တကူနားလည်ပြီး ကိုယ့်ရဲ့ Computer ကို ကိုယ့်စိတ်ကြိုက်ပြုပြင်ပြောင်းလဲ ထိန်းချုပ်နိုင်အောင်ဖြစ်ပါတယ်...။ ဒီ post ကိုမဖတ်ခင်မှာ ကိုယ့် Computer က Start menu ထဲက run မှာ regedit လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ... Registry Edior ပေါ်လာပါလိမ့်မယ်... အဲဒါလေးကိုကြည့်ရင်း ဖတ်ရင် ပိုသဘောပေါက်ပါလိမ့်မယ်။ ကဲစလိုက်ကြစို့.....


ဈေးနှုန်းချိုသာလာသော Laptop များ

အခုတလောလူတိုင်းစိတ်ဝင်စားလာ အလွယ်တကူကိုင်ဆောင်လို့ ရပြီး
စတိုင်ထုတ်လို့ ကောင်းတဲ့ NOTE BOOKလို့ ခေါ်တဲ့ လပ်တော့ပ် ကွန်ပျူတာလေးတွေဟာဈေးနှုန်းတွေလည်း အတော်ချိုသာလာတာေ တွ့ ရပါတယ်။ သွားလေရာမှာယူဆောင်ရ လွယ်ပြီးအလုပ်လည်း အတော်ဖြစ်ကြတော့ လူတိုင်းကိုင်ဆောင်ချင်လာကြပါတယ်။ အဲ့နေရာမှာ အသစ်အသစ်ဆိုပြီး ပိုက်ဆံတတ်နိုင်သူတွေရှိသလို။လုပ်ငန်းအတွက်တကယ်လိုအပ်ပြီး ပိုက်ဆံရောစီးပွားရေးအတွက်ပါသုံးမဲ့သူတွေအတွက်လည်း တပတ်ရစ်လပ်တော့ပ်ဈေးကွက်က ကျယ်ပြန့် လာပါတယ်။ တစ်ချို့ ကလည်းအသစ်ဘယ်လောက်ကောင်းကောင်းဘရန်းတက်လို့ 
 ခေါ်တဲ့နာမည်ကြီးတပတ်ရစ်လပ်တော့ပ်တွေရဲ့ခိုင်မာမှု့ အကြမ်းခံမှု့ တွေကိုနှစ်သက်ပြီး ဘရန်းတက်တပတ်ရစ်လပ်တော့ပ်တွေကိုကိုင်ဆောင်ကြပါတယ်။ တပတ်ရစ်လပ်တော့ပ်ကိုဝယ်ယူရာမှာ အာမခံနည်းပါးမှု့ ။ပြန်လည်ပြုပြင်ထားမှု့ ။ တချို့ စက်တွေမှာမမြင်ရတဲ့ပြစ်ချက်ပေါင်းများစွာရှိမှု့ တွေနဲ့ အတူ စိတ်ညစ်စရာတွေ ဖြစ်ပေါ်လာပြီး တပတ်ရစ်ကွန်ပျူတာလပ်တော့ပ့်ကိုမသုံးစွဲချင်စိတ်တွေ ဖြစ်ပေါ်လာ ပါတယ်။ဘယ်လိုအကြောင်းဘဲဖြစ်ဖြစ်။တပတ်ရစ်လပ်တော့ပ်ကိုကိုင်ဆောင်တော့မယ်ဆိုရင်တော့ဖြင့်
 အောက်ကအချက်များကိုမှတ်သားပြီးဝယ်ယူပါကအတော်အတန်စိတ်ညစ်မှု့ ပြေပျောက်ပါလိမ့်မယ်။ တပတ်ရစ်လပ်တော့ကိုဝယ်ယူတော့မယ်ဆိုရင်ဖြင့်.....
ပထမဦးစွာ လပ်တော့ပ်ဘော်ဒီကိုသေချာကြည့်ရှု့ ပါပြုတ်ကျလို့ ကွဲပြီးပြန်ဖာထေးထားတာ တွေရှိလားဆိုတာ။  CPU ရဲ့တန်ဖိုးကို ကြည့်ပါ။အိမ်သုံးကွန်ပျူတာတွေမှာ CPU ကိုအဆင့်မြှင့်တာလွယ်ပေမဲ့ လပ်တော့ပ်မှာတော့။CPU လဲလှယ်ဖို့ အဆင်မပြေဘူးဆိုတာသတိရပါ။  လပ်တော့ကိုပါဝါဖွင့်ပြီး စမ်းပါက ဟာ့ဒ်ဒစ်ကနေအသံတွေအတော်ထွက်နေပြီလားဆိုတာ နားထောင်ပါ။အသံထွက်နေပါကမကြာခင်မိတ်ဆွေဆီကနေပိုက်ဆံထပ်ထွက်တော့မှာပါ။   လပ်တော့မှာ WIFI တံဆိပ်ပါရှိတယ်ဆိုပြီး ရမ်းသမ်းမယူပါနဲ့  တချို့ လပ်တော့တွေကအင်တာနယ် ဆားကဒ်ပျက်နေတတ်သလို။ဝိုင်ဖိုင်ကဒ်မပါလာတာတွေရှိပါတယ်။   USB function အပေါက်တွေအလုပ်လုပ်မလုပ်စမ်းကြည့်ပါ။တစ်ပတ်ရစ်လပ်တော့ပ်တွေမှာ USB functionတွေပျက်စီးတတ်တာတွေရှိတတ်ပါတယ်။  Optical Drive လို့ ခေါ်တဲ့ CD,DVD ကို အခွေထည့်ပြီးဖတ်မဖတ်သေချာစမ်းကြည့်ပါ။ သူလည်းအပျက်များတဲ့စာရင်းမှာပါပါတယ်။  ကီးဘုတ်ကစာတွေအကုန်ရိုက်ရမရnotepad or wordနဲ့  သေချာစွာစစ်ဆေးပါ။အိမ်ကျမှဟိုဟာနှိပ်မရဒီဟာနှိပ်မရနဲ့ ဖြစ်တတ်ပါတယ်။  လပ်တော့ပ်မှာရှိတဲ့မောက်စ်အလုပ်လုပ်မလုပ်စစ်ဆေးပါ။လပ်တော့မော့က်စ်တွေလည်း ကပ်ပြီးကြောင်တောင်တောင်လုပ်တတ်ပါတယ်။  လပ်တော့ပ်မှာရှိတဲ့ NETWORK အပေါက်ကောင်းမကောင်း တပ်ဆင်စစ်ဆေးပါ။  လပ်တော့ပ်ပုံဖော်မျက်နှာပြင်မှာတုန်နေတာကြာမှမှိန်သွားတာ။တဖြတ်ဖြတ်ခပ်နေတာတွေ ရှိမရှိ။ပုံဖော်မျက်နှာပြင်မှာပစ်ဇယ်လို့ ခေါ်တဲ့အစက်အပြောက်ရှိမရှိကိုတည်ငြိမ်တဲ့နောက်ခံ ပုံဖော်ပြီးစစ်ဆေးပါ။  ဒါတွေအားလုံးကောင်းမွန်ပါကစတင်ဈေးဆစ်ကာဝယ်ယူပါလို့ အကြံပေးပါတယ်။  တပတ်ရစ်ကွန်ပျူတာစိတ်ညစ်မှု့ ကင်းဝေးကြပါစေ။


Touch Screen & LCD တို့ရဲ့ ကွာခြားချက်

မိုဘိုင်းဖုန်းတွေမှာပါဝင်တဲ့ Touch Screen နဲ့LCD တွေရဲ့
ကွဲပြားခြားနားချက်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်းအသုံးပြုထားတဲ့ Touch Screen
တွေနဲ့ LCD တွေဟာ မတူညီကြပါဘူး။ ဒီနှစ်ခုမှာ မတူညီတဲ့ ကြားခံကွဲပြားခြားနားချက်တွေရှိနေခဲ့ပါတယ်။ မိုဘိုင်းဖုန်းတွေမှာပါဝင်နေတဲ့ Touch Screen ဆိုတာကတော့ ဖုန်းရဲ့အပေါ်ယံမှာ လူတွေလက်နဲ့ ထိတို့ကိုင်တွယ်အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ Screen စနစ်ကိုဆိုလိုပါတယ်။ LCD ဆိုတာကတော့ ဖုန်းတွေမှာ နောက်ခံမြင်ကွင်းတွေနဲ့ အလင်းအမှောင်တွေ၊ ပုံရိပ်တွေကို ဖော်ပြပေးနိုင်တဲ့ မြင်ကွင်းသုံးစနစ်တစ်ခုကို ဆိုလိုတယ်လို့သိရပါတယ်။ ဒီစနစ်နှစ်ခုဟာ ကြားခံအလွှာပါးလေးနဲ့တင် ကွဲပြားခြားနားမှုရှိနေခဲ့ပါတယ်။ LCD တွေဟာ ဖုန်းရဲ့ ဖုန်းတွင်းစနစ်တွေကို ဖော်ပြပေးနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ Mirror လို့ခေါ်တဲ့ မှန်တစ်ချပ်ပုံစံမျိုးပါပဲ။ နောက်ခံမီးအလင်းရောင်အောက်မှာ ရောင်စုံအလင်းအမှောင်တွေနဲ့ ပုံရိပ်တွေကို ဖော်ပြပေးနိုင်ဖို့အတွက် LCD ကလုပ်ဆောင်ပေးပါတယ်။ Touch Screen ကတော့ LCD ကနေဖော်ပြပေးတဲ့ အချက်အလက်တွေနဲ့ ဖုန်းတွင်းစနစ်ပိုင်းတွေထဲကို ကိုယ်တိုင်ထိတွေ့ပြီး ၀င်ရောက်အသုံးပြုနိုင်ဖို့အတွက် လုပ်ဆောင်ပေးတယ်လို့ဆိုပါတယ်။ Touch Screen ဟာ LCD နဲ့မတူညီပါဘူး။ LCD ရဲ့အပေါ်ဘက်မျက်နှာပြင်ပေါ်မှာ အလွှာပါးလေးတစ်ခုအနေနဲ့ ဖုံးအုပ်ထားတဲ့ Screen စနစ်တစ်ခုကို Touch Screen လို့ခေါ်တယ်လို့ ကျွမ်းကျင်သူတွေကပြောကြပါတယ်။ Touch Screen ဟာအလွှာပါးလေးတစ်ခုနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဖုန်းတစ်လုံးမှာ Touch Screen ပျက်တယ်ဆိုတာ LCD ရဲ့အပေါ်ယံမှာဖုံးအုပ်ထားတဲ့ Touch Screen အပါးလေးပျက်သွားတာမျိုးပါပဲ။ Touch Screen ဟာအလွှာပါးလေးတစ်ခုဖြစ်ပြီး အောက်ဘက်မှာရှိနေတဲ့ Touch Sensor စနစ်နဲ့ပေါင်းစပ်ပြီး လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ Touch Screen ဟာ ပွန်းပဲ့ခြင်း၊ ဖုန်းလွတ်ကျခြင်း အစရှိတာတွေကြောင့် ပျက်စီးတတ်ပါတယ်။ ဒါ့အပြင် Touch Screen ဟာ ဖုန်းမျက်နှာပြင်ရဲ့ အပေါ်ဆုံးဘက်မှာရှိနေတဲ့အတွက် ထိရှပျက်ရှလွယ်တဲ့သဘောမှာ ရှိနေပါတယ်။ LCD ကတော့ တော်တော်နဲ့မထိခိုက်နိုင်ပါဘူး။ အလင်းအမှောင်တွေလာသေးတယ်၊ ပုံရိပ်တွေထင်သေးတယ်၊ စနစ်တွေကို မြင်ရသေးတယ်ဆိုရင် LCD မပျက်စီးသေးပါဘူး။ Touch စနစ်မရတော့ဘူးဆိုရင်တော့ Touch Sensor နဲ့ Touch Screen အလွှာပါးလေးကြောင့် ပျက်စီးတာမျိုးဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုကြပါတယ်။


Powered by Internet journal


Cloud Computing ခေတ်ထဲက OS များ

Cloud computing ဆိုတာဟာ ကွန်ပျူတာနဲ့ပတ်သက်ပြီး လုပ်ရတဲ့လုပ်ငန်းစတာတွေကို online နဲ့ချိတ်ဆက်ပြီးလုပ်တဲ့ လုပ်ငန်းစဉ်ကိုခေါ်ပါတယ်။ ဒီနေ့ခေတ် ကွန်ပျူတာတစ်လုံးသုံးမယ်ဆိုရင် ကျွန်တော်တို့ဟာ Operating System (OS) တစ်ခုကို စက်ထဲထည့်ထားရမယ်။ စက်လည်ပတ်လုပ်ဆောင်မှုစနစ်လို့ခေါ်ကြတဲ့ OS ဟာ Windows ဖြစ်နိုင်သလို Linux ဒါမှမဟုတ် Mac တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ပြီးရင် ကိုယ့်ရဲ့လိုအပ်ချက်ကိုလိုက်ပြီး အသုံးချဆော့ဖ်ဝဲ (Application Software) အမျိုးမျိုးကို ထည့်သွင်းရပါတယ်။ ကိုယ်သုံးတဲ့ OS နဲ့ကိုက်ညီမယ့်ဆော့ဖ်ဝဲကို ထည့်သွင်းရတာဖြစ်ပါတယ်။ နမူနာပြရရင် Microsoft Office လိုဟာမျိုးဟာ Windows စနစ်အတွက် တစ်မျိုးရေးဆွဲရပြီး Mac အတွက်တစ်မျိုး သပ်သပ်ရေးဆွဲရပါတယ်။ ကိုယ့်စက်ရဲ့ OS က အထိုက်အလျောက်ဈေးကြီးသလို အသုံးချ ဆော့ဖ်ဝဲတွေကလည်း လူသုံးနည်းရင်နည်းသလောက် ဈေးကြီးလှပါတယ်။ ဒါတွေကို တော်လှန်ပြောင်းလဲဖို့ကြိုးစားလာတာက Cloud Computing ပါပဲ။ Cloud Computing လို့ခေါ်တဲ့ Online ပေါ်မှာ ကွန်ပျူတာလုပ်ငန်းစနစ်ကိုစပြီး အကောင်အထည်ဖော်သူဟာ google ကုမ္ပဏီဖြစ်ပါတယ်။ ဘယ် OS ကိုပဲသုံးသုံး Cloud ထဲဝင်လာလို့ရပါတယ်။ Browser လို့လူအများသိကြတဲ့ Firefox, Chrome, Safari စတာတစ်မျိုးမျိုးကိုသုံးပြီး သက်ဆိုင်ရာလိပ်စာကိုသာ ချိတ်ဆက်ဝင်လာခဲ့ပါ။ Cloud လို့ခေါ်တဲ့ Online ကွန်ပျူတာရုံးခန်းထဲကို ရောက်ပါပြီ။ ကျွန်တော်တို့လုပ်ချင်တဲ့ လုပ်ငန်းအမျိုးအစားကိုလိုက်ပြီး လိုအပ်မယ့်ဆော့ဖ်ဝဲပေါင်းစုံ အဲ့ဒီနေရာမှာရှိနေပါတယ်။ တချို့ကို အခမဲ့စနစ်နဲ့ရနိုင်ပြီး တချို့ကို အခပေးစနစ်နဲ့သုံးစွဲရပါမယ်။ အခပေးစနစ်ဆိုသည့်တိုင် ဆော့ဖ်ဝဲတစ်ခုကို ၀ယ်သုံးရတာထက်စာရင် အများကြီး ဈေးသက်သာနေပါသေးတယ်။ Version အသစ်ထွက်ရင် အသစ်ထပ်ပြီးဝယ်ရတဲ့ဒုက္ခ၊ update အသစ်ထွက်ရင် download ဆွဲပြီးထည့်သွင်းပေးရတဲ့ ဒုက္ခတွေကိုလည်း ကင်းဝေးသွားစေပါတယ်။ ကိုယ့်ကွန်ပျူတာထဲမှာ အသုံးချဆော့ဖ်ဝဲတွေ တစ်ပုံတစ်ပင်ထည့်ထားဖို့ မလိုတော့တဲ့အတွက် စက်လေးတာကိုလည်း သက်သာသွားပါတယ်။ လူတွေဟာ တစ်နေ့တခြား အင်တာနက်ကို ပိုပြီးသုံးလာတယ်။ online ပေါ်မှာ တွေ့ဆုံဆက်သွယ်မှုတွေ ပိုပြီးများလာတယ်ဆိုတဲ့ အချက်အပေါ်အခြေပြုပြီး google က cloud ဆိုတဲ့ ကစားကွင်းအသစ်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ မူလတုန်းက google ဟာ ရှာဖွေရေးစနစ် (Search Engine) တစ်ခုသာဖြစ်ပြီး သူ့မှာ OS လည်းမရှိ ဆော့ဖ်ဝဲလည်း မရှိပါဘူး။ ဆော့ဖ်ဝဲနယ်ပယ်ထဲ ၀င်လာမယ်ဆိုပြန်တော့လည်း အသာကျပြီးသား Microsoft နဲ့ Apple တို့ကို တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ဖို့မလွယ်ပါဘူး။ ဒါကြောင့်လည်း Cloud ဆိုတဲ့ ပြိုင်ဆိုင်မှုနယ်မြေအသစ် တစ်ခုဖန်တီးခဲ့ရတာပါ။ Google ရဲ့မဟာဗျူဟာက ဆော့ဖ်ဝဲတွေကို အခမဲ့ဒါမှမဟုတ် ဈေးသက်သက်သာသာနဲ့ သုံးစွဲနိုင်ရေး ဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သာချင်တဲ့လူတွေရဲ့ လိုဘကိုအခြေပြုပြီး ထူထောင်တာမို့ Cloud စနစ်စပြီးအောင်မြင်လာပါတယ်။ Google ရဲ့နောက်မှာ ကျန်နေမှာစိုးတဲ့အတွက် Microsoft ကအစ Apple အဆုံး Cloud နယ်ပယ်ထဲ ၀င်လာကြရပါတယ်။ Cloud ဟာ ကွန်ပျူတာလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရုံသာမကပါ ဘူး။ ကိုယ့်ရဲ့ data တွေကို လုံလုံခြုံခြုံနဲ့ များများစားစားသိမ်းဆည်းနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ၀န်ဆောင်မှုပေးသူရဲ့ Server ထဲမှာကိုယ့် data တွေကိုသိမ်းဆည်းပေးတဲ့အပြင် လုံခြုံရေးကိစ္စကိုပါ တာဝန်ယူပေးတာမို့ ခေါင်းလည်းပေါ့သွားစေပါတယ်။ ဆော့ဖ်ဝဲကို တခြားနိုင်ငံတွေမှာ လိုင်စင်ကြေးပေးပြီး သုံးစွဲရတာမို့ ကွန်ပျူတာတစ်လုံးစီအတွက် သီးခြားလိုင်စင်ကြေးတွေ ပေးရပါတယ်။ လူတစ်ဦးချင်းစီအတွက် မသိသာပေမယ့် ကွန်ပျူတာတွေ ရာနဲ့ချီပြီးအသုံးပြုရတဲ့ လုပ်ငန်းကြီးတွေအတွက်တော့ စရိတ်ထောင်းလှပါတယ်။ Version အသစ်ထပ်ထွက်ရင် ထပ်ကုန်သလို အဲဒါအတွက် ၀န်ထမ်းလေ့ကျင့်စရိတ်တွေလည်း ကုန်ကျပါတယ်။ Version အသစ်က hardware အသစ်တောင်းဆိုချက်ရှိလာရင် စက်တွေကိုအသစ်လဲတန်လဲ၊ အဆင့်မြှင့်တန်တာမြှင့်ရတာမို့ ကုန်ကျစရိတ်ကတိုးလာပြန်ပါတယ်။ များပြားလှတဲ့ data တွေကို ကုမ္ပဏီပိုင် server တွေမှာ သိုလှောင်ရတဲ့စရိတ် အဲဒီလုပ်ငန်းစဉ်အတွက် ကျွမ်းကျင်အိုင်တီဝန်ထမ်း ခန့်ထားရတဲ့စရိတ်တွေကလည်း မသေးလှပါဘူး။ ဒါတွေကနေ သက်သာရာသက်သာကြောင်း စဉ်းစားလိုက်တော့ Cloud ဟာ ထွက်ပေါက်တစ်ခုဖြစ်လာပါတယ်။ Cloud ဟာ Virtualization လို့ခေါ်တဲ့ ပုံစံတူပြုနည်းပညာကိုသုံးစွဲထားတာပါ။ သူ့ရဲ့အဆုံးစွန်သောရည်မှန်းချက်က OS ကိုမှီခိုရခြင်းမရှိဘဲ Cloud ကို သုံးစွဲနိုင်စေရမယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါကလည်း ဖြစ်နိုင်ပါတယ်။ Windows တက်စရာမလိုပဲ (၅) စက္ကန့်အတွင်း online ထဲသို့ဝင်ရောက်နိုင်စေရမယ်ဆိုတဲ့ motherboard စနစ်ကြော်ငြာတွေကို စာရှုသူတို့ တွေ့ဖူးချင်တွေ့ဖူးကြမှာပါ။ တကယ်လည်း အဲဒီ motherboard တွေသုံးပြီး အင်တာနက်ချိတ်ရင် Windows ကတစ်ဆင့် ၀င်ဖို့မလိုပါဘူး။ Online ၀င်ဖို့ပင်မ OS တစ်ခုခုမလိုအပ်တော့ဘူးဆိုတဲ့ အခြေအနေဟာ အနာဂတ်ကာလ Cloud သုံးစွဲဖို့အတွက် OS တွေ လိုပါဦးမလားဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ လတ်တလော Cloud သုံးစွဲနေကြတဲ့ အိုင်တီပညာရှင်တွေကို အင်တာဗျူးလုပ်ကြည့်တော့ ကွန်ပျူတာအလုပ်တွေလုပ်တဲ့နေရာမှာ OS ကိုထည့်စဉ်းစားဖို့ မလိုဖူးဆိုတဲ့အဖြေကို သဘောမတူတဲ့လူက (၆၂) ရာခိုင်နှုန်းရှိနေပါတယ်။ မိမိနှစ်သက်ရာ Application Software ကို အသုံးပြုနိုင်ရေးမှာ OS ဟာ အခရာကျနေဦးမှာပဲလို့ သူတို့ကဆိုပါတယ်။ သီးခြားပြုလုပ်ခဲ့တဲ့ အင်တာဗျူးပရော့ဂျက်တစ်ခုမှာတော့ OS ကို ထည့်သွင်းစဉ်းစားဖို့မလိုဘူးဆိုတဲ့ အခြေအနေဟာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ ထင်မြင်ချက်ပေးသူ (၃၅) ရာခိုင်နှုန်းရှိပါတယ်။ (၃၀) ရာခိုင်နှုန်းသော အိုင်တီပညာရှင်တွေကတော့ OS အပေါ် လုံးလုံးလျားလျား အမှီအခိုကင်းတဲ့ဘ၀ရောက်ဖို့ ငါးနှစ်ထက်မနည်း အချိန်ယူရဦးမှာဖြစ်တယ်လို့ ထင်မြင်ချက်ပေးပါတယ်။ တစ်ခါဝယ်ရင် OS လိုင်စင် ရာနဲ့ထောင်နဲ့ချီပြီးဝယ်နေရတဲ့ ကုမ္ပဏီကြီးတွေ လုပ်ငန်းဌာနကြီးတွေကရော ဘယ်လိုသဘောရှိမှာပါဘဲ။ လုပ်ငန်းကြီးတွေအနေနဲ့ ဘယ် OS ကိုသုံးစွဲမလဲဆိုတာကို ဆုံးဖြတ်တဲ့အခါ အချက်ကြီးလေးချက်အပေါ်အခြေပြုပြီး စဉ်းစားကြရပါတယ်။ အဲဒါတွေက (၁) ဘယ်လို hardware မျိုးသုံးမှာလဲ (၂) အဲဒီ hardware မျိုးပေါ်မှာဘယ်လို Application Software တွေသုံးစွဲလို့ရနိုင်မလဲ (၃) ကွန်ပျူတာနဲ့ တကယ်တမ်းအလုပ်လုပ်ရမယ့် end user တွေရဲ့ အခြေအနေကဘယ်လိုလဲ (၄) ကိုယ်သုံးမယ့် OS အတွက် Application Developer တွေရဲ့ အခြေအနေကဘယ်လိုလဲ စတဲ့အချက်တွေ ဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေရဲ့ Desktop ကွန်ပျူတာအတွက်ဆိုရင် Windows, iOS ဒါမှမဟုတ် Linux မူကွဲတစ်မျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။ Server တွေအတွက် Linux ဒါမှမဟုတ် Windows ကိုသုံးစွဲနိုင်ပါတယ်။ ကွန်ပျူတာတင်မကပါဘူး။ အဲဒီမှာ လာရောက်ချိတ်ဆက်မယ့် Printer တို့ Scanner တို့လို peripheral device တွေအတွက်လည်း OS ကိစ္စကိုထည့်ပြီး စဉ်းစားရပါတယ်။ အခုအချိန်မှာ လုပ်ငန်းကြီးတွေအနေနဲ့ အသုံးပြုမယ့် application နဲ့လုပ်ငန်းအမျိုးအစားကိုလိုက်ပြီး OS ကိုရွေးချယ်သုံးစွဲခဲ့ကြပါပြီ။ OS နဲ့ application အတွဲအဖက်ကိုလည်း အသားကျနေပါပြီ။ ဒါပေမဲ့ Cloud စနစ်မှာပါဝင်လာတဲ့ html 5 ဟာ ဘယ်လို OS မှာမဆို သုံးစွဲနိုင်စေမယ့် application ကိုထုတ်လုပ်မယ်လို့ ကတိပေးလာပါတယ်။ တကယ်တမ်းသာ ဖြစ်လာမယ်ဆိုရင် မိမိသုံးစွဲနေတဲ့ OS နဲ့ လိုက်လျောညီထွေရှိမယ့် Application ကိုပြောင်းသုံးဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ OS ကိုပြောင်းသုံးဖို့ဆိုတဲ့ကိစ္စဟာ အင်တာနက်ပေါ်သာ တက်လာခဲ့ပါ။ အလလားသုံးရပါစေမယ့်ဆိုတာတောင် မလွယ်ပါဘူး။ ပထမအချက်က OS ပြောင်းလိုက်တာနဲ့ သုံးစွဲသူဟာ အရာရာကို အသစ်ကစပြီးလေ့လာရပါတော့မယ်။ လေ့လာသင်ကြားမှုအတွက် အထောက်အပံ့ပေးရရင် ကုန်ကျစရိတ်တက်လာပါမယ်။ လေ့လာသင်ယူနေစဉ်ကာလအတွင်းမှာ ထုတ်လုပ်မှုစွမ်းအား (အလုပ်လုပ်နိုင်စွမ်း) ကျပါမယ်။ ယာယီထိခိုက်မှုဆိုပေမယ့် တစ်ရက်လောက်ရပ်ထားဖို့တောင် မဖြစ်နိုင်တဲ့ လုပ်ငန်းကြီးတွေအတွက်တော့ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်။ ယေဘုယျသဘောပြောရရင် OS တစ်ခုကို သုံးစွဲတယ်ဆိုတဲ့ကိစ္စမှာ ဖိုင်တွေကို ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတဲ့ကိစ္စ တိတိကျကျရှိတယ်။ hardware တွေအတွက် device driver တွေတိတိကျကျရှိတယ်။ Memory ကိုစနစ်တကျသုံးစွဲဖို့ Kernal ဆိုတဲ့စနစ် တိတိကျကျရှိတယ်။ Security (data လုံခြုံမှုနဲ့ dataaccess ခွင့်ပြုမှုနှစ်မျိုးစလုံး) ပိုင်းမှာ တိကျသေချာစွာ စီမံခန့်ခွဲနိုင်တဲ့စနစ်ရှိတယ်။ ပြီးတော့ အသုံးပြုရတာ တတ်နိုင်သမျှလွယ်အောင်စီစဉ်ပေးထားတဲ့ user interface လည်းရှိပါတယ်။ ဒီလိုအရည်အချင်းတွေပါတဲ့ သမားရိုးကျ OS တစ်ခုကနေ လုံးဝဖောက်ထွက်လာတဲ့ Cloud ကို အခရာကျတဲ့နေရာမှာရှိနေပါဦးမယ်။ ဒါ့အပြင် processor hard disk နဲ့ရှုပ်ထွေးလှတဲ့ System component အမျိုးမျိုးကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပြီး စနစ်မှာလာရောက်ချိတ်ဆက်မယ့် Application အမျိုးမျိုး၊ အသုံးပြုမယ့် user အမျိုးမျိုးအတွက် အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ အရည်အချင်းကလည်း OS တွေမှာ ရှိနေပါတယ်။ Virtual OS နဲ့ Cloud ဟာ ဒီအရည်အသွေးတွေကို ပုံစံတစ်မျိုးနဲ့ ပီပီပြင်ပြင်ဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ အခုဆောင်ရွက်နေတဲ့ Virtualisation စနစ်မှာ သူ့ကိုအထောက်အပံ့ပြုတဲ့ OS က hardware ကိုမမှီခိုအောင် တတ်နိုင်သမျှ ကြိုးစားနေပါတယ်။ အတိုင်းအတာတစ်ခုထိ အောင်မြင်နေပြီဆိုတာ Windows စနစ်ပေါ်မှာ Mac သုံးနိုင်တာကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်ကာလမှာ OS ရဲ့အရေးပါမှုကို အတိုင်းအတာတစ်ခုထိတော့ လျှော့ချနိုင်ပါလိမ့်မယ်။ Browser ဖွင့်ပြီး cloud ပေါ်တက်သုံးရတဲ့ virtual application တွေဟာ OS တွေရဲ့ သမားရိုးကျတည်ဆောက်ပုံကို အပြီးတိုင် ပြောင်းလဲခဲ့ပြီဆိုတာကတော့ သေချာပါတယ်။ ဒါပေမဲ့တကယ့် OS တစ်ခုမှာရှိတဲ့ Component တွေ၊ Accessibility တွေ၊ Usability နဲ့ Interface တွေကို လုံးလုံးလျားလျား အသွင်ပြောင်းနိုင်မလားဆိုတဲ့ ကိစ္စမှာ Cloud ရဲ့နုနယ်သေးတဲ့သက်တမ်းကြောင့် အဆုံးအဖြတ်ပေးရမှာ စောလွန်းနေပါသေးတယ်။


Powered by Internet journal


Shortcut to ... ကို ဖျောက်ကြမယ်


Folder သို့ File တွေ Photo နဲ့ တခြားဖိုင်တွေကို ShortCut ခေါ်ရင် ..
ပေါ်လာတဲ့ ShortCut နာမည်မှာ Shortcut to ... ဆိုတဲ့ နာမည်
ပါနေတယ်ဆိုတာ သတိထားမိကြမှာပါ ..။

ကျွန်တော်ကတော့ အဲဒီနာမည်ကြီး မကြိုက်လို့ အရှေ့က
Shortcut to ဆိုတာကိုလိုက်ဖျက်ပစ်နေကျပါ .. ။
အဲဒီလို မကြိုက်လို့ လိုက်ဖျက်နေရတဲ့ မောင်နှမ များအတွက် ..
တစ်ခါတည်း မပါအောင် ပြုပြင်နည်းလေး တင်ပြလိုက်ပါတယ် ..။

registry editor ခေါ်ပါ ..။ (win + r) ကိုနှိပ်လိုက် အဲ့မှာ regedit ရိုက်ထည့်ပြီး enter

HKEY_CURRENT_USER/Software/Microsoft/Windows/CurrentVersion/Explorerထိ ရောက်အောင်သွားပါ.။

ညာဖက်ခြမ်းမှာ Link ဆိုတာကို ရှာပြီး hex တန်ဖိုးကို 00,00,00,00 ပြောင်းလိုက်ပါ။

OK နှိပ်ပြီး Registry editor က ထွက်ပြီး Computer ကို Restart ချလိုက်ပါ။
ShortCut တခုလောက်ခေါ်ကြည့်လိုက်ပါ ။ ShortCut to ဆိုတာ မပါတော့ပဲ
မူရင်းနာမည်ပဲ ဖြစ်နေတာကို တွေ့ရမှာပါ..။

အဆင်ပြေကြပါစေ ..။


Network အကြောင်း

Network အပိုဒ် ( ၃ )
NET WORK အကြောင်းသိသလောက်တင်ပေးလိုက်ပါတယ်ဗျာ
ကဲပြောကြည့်မယ်နော် computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခုမဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။ အဲဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။
ကျွန်တော်တို့ လူတွေမှာလည်းဘာသာစကားတွေအမျိုးမျိုးရှိသလို IPတွေမှာလဲProtocol တွေလဲ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့်Internet ကိုချိတ်မယ်ဆို တဲ့ computer တိုင်းဟာတော့ TCP/IP ဆိုတဲ့protocol ကိုမဖြစ်မနေသုံးဖို့လိုပါတယ်။ TCP/IP protocol သုံးတဲ့ computer တိုင်းဟာလည်း IP addressတစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။ IP address မှာ Version4နဲ့Version6ဆိုပြီးနှစ်မျိုးရှိပါတယ်။ V4က32bitsနဲ့အလုပ်လုပ်ပြီးV6ကတော့ 128bitsနဲ့အလုပ်လုပ်ပါတယ်။ယခု လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။
V4 IP address မှာ Class လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။Class A, B, C ကကျွန်တော်တို့
နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။ ( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့
machine တွေကြားမှာ အပြန်အလှန်ကြိုက်သလိုဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)Class D က Multicast address ဖြစ်ပါတယ် ။ ( multicast ဆိုတာ က သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ
အပြန်အလှန်ဆက်သွယ်နိုင်တဲ့ address မျိုးပါ ဥပမာ -Class D address ရဲ့ Group1 မှာ computer
5 လုံး၊ Group 2 မှာ computer 5 လုံး၊ ချိတ်ထားတယ်ဆိုရင် Group1 ထဲက computer အချင်းချင်း၊ Group2
ထဲက computer အချင်းချင်း၊ပဲဆက်သွယ်နိုင်ပါတယ် Group1 က computer နဲ့ Group 2 က computer
ချိတ်ဆက်ပြီးအသုံးပြုလို့မရနိုင်ပါဘူး ။)
Class E ကတော့ သုတေသန ပြုလုပ်နိုင်ဖို့ reserved အတွက်ထားရှိပါတယ်၊ အသုံးမပြုပါဘူး။
အဲဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ်
Network Address, Host Address
IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့
အပိုင်းနှစ်ပိုင်းပါပါတယ်။Network Address ဆိုတာ Hostတွေကိုပေါင်းစည်းထားတဲ့
addressအစုအဝေးတစ်ခုဖြစ်ပြီး၊ HostAddressဆိုတာတော့ Networkထဲမှာပါဝင်တဲ့အစိတ်အပိုင်းတစ်ခုပါ။
IP address ဒီလို အလုပ်လုပ်တယ် IPV4မှာ32bitsနဲအလုပ်လုပ်တယ်ဆိုတာကျွန်တော်ဆွေးနွေးပြီးပါပြီ။အဲဒီ
32bitsကို 8bitsစီ၊ 8bits စီအပိုင်း လေးပိုင်းခွဲပြီးအလုပ်လုပ်ပါတယ်။တကယ် တမ်း
bits တွေနဲ့အလုပ်လုပ်တာဖြစ်ပေမယ့် သက်မှတ်တဲ့နေရာမှာဘဲဖြစ်၊
ဖြစ်ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ် Dot-decimalစနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။
( ဥပမာ- 192.168.1 .100)
တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ် ။
8bits ပါဝင်တဲ့ အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။
ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။IP address ကြည့်ရုံနဲ့ Class တွေလယ်လိုခွဲမလဲ
IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို
IP address ရဲ့ ပထမဆုံးအပိုင်း ( first octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
Class 1st octect range
A 1 to 126
B 128 to 191
C 192 to 223
ဥပမာ-
10.10.152.1 Class A
172.16.10.1 Class B
192.168.2.1 Class C
ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။
Local Machine Address
အပေါ်က IP address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။
အဲဒီ 127တစ် ပိုင်းလုံးကိုအသုံးမပြုဘဲ ချန်ထားခဲ့ပါတယ်။ အဲဒါကို loop-back address လို့
ခေါ်ပါတယ်။အဲဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။
local machine address ဆိုတာ computer နဲ့ သက်ဆိုင်တဲ့၎င်းတို့ကို ကိုယ်စားပြုတဲ့ address ပါ။
ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ -လူတိုင်းကိုယ်စီမှာ ကွဲပြားခြားနားတဲ့
နာမည်တွေရှိပါတယ်၊
ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့ (စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော်
စတဲ့ နာမ်စားတစ်ခုနဲ့ ကိုစားပြုကြပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ ( I ) ပေါ့။TCP/IP protocol
သုံးပြီး Network ချိတ်တဲ့ computer တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့်
ကိုယ့် computer ကို ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။
အလွယ်ပြောရင်တော့ computer I ပေါ့။ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ
အလုပ်လုပ်နိုင် မလုပ်နိုင်၊ NIC card အလုပ်လုပ် မလုပ် စတာတွေကို စမ်းသပ်နိုင်ပါတယ်။


ကွန်ပျူတာသုံးနေရင်း နှေးသွားရင်

တစ်ခါတရံမှာ ကွန်ပြူတာကို သုံးနေရင်းက အလုပ်လုပ်တာ အရမ်းနှေးသွားတာမျိုး ကြုံရတတ်ပါတယ် ၊ အထူးသဖြင့် အလုပ်လုပ်တဲ့မှတ်ဥာဏ် RAM ( Random Access Memory ) နဲတဲ့ ကွန်ပြူတာတွေမှာ ပိုဖြစ်တတ်ပါတယ် ၊ RAM ရဲ့သဘာဝက အလုပ်လုပ်နေတုန်းမှတ်ဥာဏ်ထဲမှာ ခေတ္တမှတ်သားထားပြီးတော့ နောက်အလုပ်တစ်ခု အတွက် မှတ်ဥာဏ်သုံးဖို့လိုလာတဲ့အခါ မထမမှတ်သားထားတဲ့ အရာတွေကို system က ဖျက်ပစ်ရပါတယ် ၊ အဲဒီလို ဖျက်ပစ်ဖို့ အဆင်မသင့်ပဲ အမှားအယွင်း တစ်ခုခုဖြစ်သွားတဲ့အခါမျိုးမှာ ၊ အလုပ်ဆက်မလုပ်နိုင်ပဲ ရပ်သွားတာမျိုး ၊ နှေးပြီးတုံ့ဆိုင်း သွားတာမျိုးတွေ ဖြစ်လာရပါတယ် ၊ အလုပ်ဆက်မလုပ်တဲ့အတွက် သုံးလို့ရအောင် System ကို restart ပြန်လုပ်ရတာမျိုးတောင် ရှိပါတယ် ၊ အဖြေကတော့ စက်ပိတ်လိုက်တဲ့အခါ RAM ထဲမှာရှိတဲ့ မှတ်ဥာဏ်တွေအားလုံးက ပျက်သွားတဲ့ အတွက်ကြောင့် နောက်တစ်ခါ စက်ပြန်ဖွင့်တဲ့အခါ လန်းဆန်းတက်ကြွတဲ့ မှတ်ဥာဏ်အသစ်က စောင့်ကြိုနေတဲ့အတွက် သုံးလို့ ပြန်ကောင်းသွားရခြင်းပါ ။
ဟော.. အခုတော့ restart ပြန်လုပ်တာပဲဖြစ်စေ ၊ အဲဒီလိုမျိုးဖြစ်နေရင် ဘာလုပ်ရမှန်းမသိ ဖြစ်နေတာမျိုးတွေအတွက် ၊ RAM ကို ပြန်ပြီး clean လုပ်ပေးတဲ့ Shortcut လုပ်နည်းလေးကို တင်ဆက်လိုက်ပါတယ် ၊ လွယ်တယ် ၊ ကောင်းတယ် ၊ ဒါပေမယ့် ရှားတယ်နော် ယူပြီးသိမ်းထားလိုက်ပါ ။


၁. Desktop ပေါ်က နေရာလွတ်လေးတစ်ခုပေါ် right click ထောက်ပြီး New ကိုရွေး ၊ ပြီးရင် Shortcut ပေါ်ရွှေ့ပြီး click လုပ်ပါ ၊ Shortcut လေးတစ်ခုလုပ်တာပါ ။

၂. Location လေးတောင်းတဲ့အခါ အောက်မှာပေးထားတဲ့ path လေးကို copy ကူးထည့်လိုက်ပြီး next ကို နှိပ်ပြီး ဆက်သွားလိုက်ပါ ။

%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks

၃. နာမည်ပေးရမယ့် နေရာကိုရောက်သွားပြီး ကြိုက်ရာ တစ်ခုခုပေးလိုက်ပါ ၊ ဥပမာ Clean RAM စသည်ဖြင့်ပေါ့ ၊ ပြီးရင် finish နှိပ်လိုက်ပါ ။

အားလုံပဲ အဆင်ပြေပါစေဗျာ