Computer ကိုဖွင့်လိုက်ရင် နှုတ်ဆက်စာ၊သတိပေးစာ စသည်ရေးထားတဲ့ Box တစ်ခုကိုအရင်ပြဖို့တည် ဆောက်နိုင်ပါတယ်.။

ကွန်ပျူတာများကို နေ့စဉ်ဖွင့်လိုက်တာနဲ့ ၀န်ထမ်းများသို့အကြောင်းကြားစာ (သို့) သတိပေးစာ စသည်ကိုအရင်ဖတ်စေနိုင်ပါတယ်။ Windows စနစ် Desktop မြင်ကွင်းပေါ်မရောက်မီ ဖတ်ရှုနိုင်ပြီး မလိုအပ်ရင် Enterနှိပ်ပြီး ကျော်လွှားနိုင်ပါတယ်။
၎င်းတွင် ဒီဇိုင်း လှလှပပမဟုတ်ပေမယ့် စာသားသက်သက်နဲ့ ရေးပြထားနိုင်ပါတယ်။
၎င်းကို Creating a Logon Banner လို့လည်းခေါ်ဆိုကြပါတယ်။ အဆိုပါမြင်ကွင်းမျိုးကို ပရိုဂရမ် တစ်ခုခုနဲ့ရေးပြီး တင်နိုင်သလို Registry ထဲဝင်ပြီးတော့လည်း ပြုလုပ်နိုင်ပါတယ်။ ကဲ..အခု အညာသားလေး ပြောတဲ့အတိုင်း လိုက်လုပ်ကြည့်ကြပါနော်.။ 
Start>>Run(box) မှာ regedit လို့ရိုက်ထည့်လိုက်ပါ။

HKEY_LOCAL_MACHINE>>Software>>Microsoft>>WindowsNT>>Current Version>>Winlogon ထိရောက်အောင် အဆင့်ဆင့်ဖွင့်လိုက်ပါ။
ပြီးရင် ညာဘက်မြင်ကွင်းထဲမှာ LegalNoticeCaption နဲ့ Legal NoticeText ဟူသော စာသားနှစ်ခုကိုရှာပါ။ တွေ့ပြီဆိုရင် LegalNoticeCaption ဆိုတဲ့ဖိုင်ကို ကလစ်နှစ်ချက်
နှိပ်လိုက်ရင် Edit String ဆိုတဲ့(box) ပေါ်လာပါမယ်.အဲဒီမှာ ကိုယ်ပြောချင်တဲ့ ခေါင်းစဉ်ကို Value data: ဆိုတဲ့နေရာမှာ အင်္ဂလိပ်လိုဘဲရိုက်ထည့်ပေးပါ။ ပြီးရင် LegalNoticeText ဆိုတဲ့ဖိုင်ကို ကလစ်နှစ်ချက်နှိပ်ပြီး Value data: ဆိုတဲ့နေရာမှာဘဲ ပြောချင်တဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်လိုဘဲ ရိုက်ထည့်ပေးပါ။ ပြီးရင် Registry မှ ပြန်ထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ အဲဒါဆိုရင် သတိပေးစာ(သို့)နှုတ်ဆက်စာရေးခြင်း ပြီးဆုံးသွားပါပြီ.။ Windows 9X မှာပြုလုပ်ချင်တယ်ဆိုရင်တော့ HEKY_LOCAL_MACHINE>>Microsoft>>Windows>>Current Version>>Winlogon ကိုရွေးချယ်ပေးရပါမယ်..။
စမ်းသပ်ရင်ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ……..။

No comments:

Post a Comment