ကွန်ပျုတာကို ယခုမှ စတင် အသုံးပြုတတ်ကာစ သူတစ်ဦး ဖြစ်စေ၊ ကာလရှည်ကြာစွာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်နေသူ တစ်ဦး ဖြစ်စေ ကျွန်တော်တို အနေဖြင့် ကွန်ပျုတာနှင့် အင်တာနက်ကို အသုံးပြုကြသည့် အခါတွင် စိတ်ချလက်ချ ဘေးရန်ကင်းရှင်းစွာဖြင့် အသုံးပြုနိုင်ရန်မှာ အထူးအရေးကြီးပါတယ်။ယခုခေတ်၊ ယခုအခါကဲ့သို့ နေရာတကာတွင် ဗိုင်းရပ်စ်(Virus)၊ ထရိုဂျန်(Trojan) စသည့် ကွန်ပျုတာများနှင့် ကွန်ပျုတာ အသုံးပြုသူများကို အချိန်မရွေး၊ နေရာမရွေး စိတ်အနှောင့်အယှက် ပေးနိုင်သော၊ ဒုက္ခပေးနိုင်သော ဘေးရန် များလွန်းသည့် အခြေအနေတွင် ကွန်ပျုတာကို စိတ်အေးလက်အေး အသုံးပြုနိုင်ရန်မှာ -
Computer ကိုဖွင့်လိုက်ရင် နှုတ်ဆက်စာ၊သတိပေးစာ စသည်ရေးထားတဲ့ Box တစ်ခုကိုအရင်ပြဖို့တည် ဆောက်နိုင်ပါတယ်.။
ကွန်ပျူတာများကို နေ့စဉ်ဖွင့်လိုက်တာနဲ့ ၀န်ထမ်းများသို့အကြောင်းကြားစာ (သို့) သတိပေးစာ စသည်ကိုအရင်ဖတ်စေနိုင်ပါတယ်။ Windows စနစ် Desktop မြင်ကွင်းပေါ်မရောက်မီ ဖတ်ရှုနိုင်ပြီး မလိုအပ်ရင် Enterနှိပ်ပြီး ကျော်လွှားနိုင်ပါတယ်။
၎င်းတွင် ဒီဇိုင်း လှလှပပမဟုတ်ပေမယ့် စာသားသက်သက်နဲ့ ရေးပြထားနိုင်ပါတယ်။
၎င်းကို Creating a Logon Banner လို့လည်းခေါ်ဆိုကြပါတယ်။ အဆိုပါမြင်ကွင်းမျိုးကို ပရိုဂရမ် တစ်ခုခုနဲ့ရေးပြီး တင်နိုင်သလို Registry ထဲဝင်ပြီးတော့လည်း ပြုလုပ်နိုင်ပါတယ်။ ကဲ..အခု အညာသားလေး ပြောတဲ့အတိုင်း လိုက်လုပ်ကြည့်ကြပါနော်.။
Start>>Run(box) မှာ regedit လို့ရိုက်ထည့်လိုက်ပါ။
Subscribe to:
Posts (Atom)