မြန်မာ့ကွန်ပျူတာများအား ခြိမ်းခြောက်နေသော ဗိုင်းရပ်စ်များအကြောင်း။

ABOUT FLASHY VIRUS
(Flashy အကြောင်း တစေ့တစောင်း)


အခုလောလောဆယ် မြန်မာနိုင်ငံကွန်ပျူတာလောကမှာ ကူးစက်မှု များပြားသော virus ကို ပြပါဆိုလျှင် ဆယ် ယောက်မှာ ခုနှစ်ယောက်ကတော့ Flashy virus ကို လက်ညိုးထိုးကြလိမ့်မည်။ Flashy သည် worm အမျိုးအစား virus ဖြစ်သည်။ File Size သည် 21,158 Bytes ရှိသည်။ ထို virus ကို 2006 July 21 တွင် စတင်တွေ့ရှိခဲ့ကြ သည်။ ကူးစက်နိုင်သော စနစ်များမှာ Windows 95, Win98, Win ME, Win 2000, Win NT, Win Sever 2003, Win XP, Win Vista တို့ဖြစ်သည်။ Flashy သည် စက်ထဲစတင်ဝင်ရောက်သည်နှင့် ဖိုင်နှစ်ခုကို စတင်ဖန် တီးလိုက်သည်။
(1) %Systemroot%\Flashy.exe
(2) UserProfile%\StartMenu\Programs\Startup\systemID.pif
%Systemroot% သည် များသောအားဖြင့် C:\WINDOWS ကို ကိုယ်စားပြုသည်။
%UserProfile% သည် Windows XP တွင် C:\Documents and Settings\Account Name\ ကို ကိုယ်စား ပြုသည်။ (မှတ်ချက်။ အထက်ပါအကြောင်းအရာများသည် အများစုတွင် ရှိနိုင်သည်ကို ရေးထားခြင်း ဖြစ်သည်။ မိမိစက်အတွက် သိလိုလျှင် Start Menu မှ Run တွင် %systemroot% (or) %userprofile% ဟု ရိုက်၍ OK ကို နှိပ်လိုက်ပါ။

ထိုမျှသာမက Registry Settings တွင်လည်း ၀င်ရောက်ပြင်ဆင်လိုက်သေးသည်။ သို့မှသာ Windows တက် သည့်အခါတိုင်း virus သက်ဝင်လှုပ်ရှားနိုင်မည်ဖြစ်သည်။ Registry Setting ထဲသို့ဝင်ရောက်ရန် Start Menu မှ Run တွင် regedit (or) regedt32 ဟု ရိုက်ထည့်ပြီး OK ကို နှိပ်လိုက်ပါ။

HKEY_LOCAL_MACINE\Software\Microsoft\Windows\CurrentVersion\Run\"Flashy Bot"= "%System%\Flashy.exe"

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Advanced\ "Hidden"="2"

ံ(Hidden Files & Folder များကို မမြင်စေရန် ဖျောက်ပစ်သည်။ သို့မှသာ မူရင်း Folder များကို မမြင်ရဘဲ Virus များကိုသာ မြင်စေရန်အတွက် ရည်ရွယ်ထားသည်။)

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Advanced\ "HideFileExt"="1"
(File Extension များကို မမြင်စေရန် ဖျောက်ပစ်သည်။ သို့မှသာ Folder နှင့် Application ကို အလွယ်တကူ မှားယွင်းဖွင့်မိမည် ဖြစ်သည်။)

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer\ "No Folder Options"="1"
(Windows Explorer ၏ Tools Menu တွင် Folder Options ကို ဖျောက်ပစ်သည်။ သို့မှသာ အထက်တွင် ပြောင်းလဲထားမှုကို အသုံးပြုသူမှ အလွယ်တကူ ပြန်လည်မပြောင်းလဲနိုင်မည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အထက်ပါပြောင်းလဲချက်များကို Windows Explorer ရှိ Tools Menu အောက်က Folder Option မှတစ်ဆင့် ပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။ )

HKEY_LOCAL_MACHINE\SYSTEM\Current ControlSet\Services\Shared Access\
"Start"="4"
(Windows Firewall နှင့် Internet Connection Sharing ကို ပိတ်ရန်အတွက် Registry Settings တွင် ပြင်ဆင်လိုက်သည်။)

့HKEY_LOCAL_MACHINE\Software\Microsoft\Windows\Current Version\Policies\System\"DisableRegitd HyTools"="1"
(Virus မှ ပြုပြင်ထားသော Registry Settings များကို အသုံးပြုသူမှ ပြန်လည် မပြင်ဆင်နိုင်စေရန်အတွက် System Tools များဖြစ်သော Registry Editor နှင့် Task Manager ကို အသုံးပြုသူ မသုံးနိုင်စေရန်အတွက် ပိတ်ထားခြင်းဖြစ်သည်။)

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
System\"DisableTaskMgr"="1"
( Program များကို အသုံးပြုရန် ဖွင့်သောအခါ "Program is disabled by System Administrator" ဟူသော Error သာ တက်လာသည်ကို တွေ့ရမည်။ ထိုအခါ အလားတူလုပ်ဆောင်မှုများကို လုပ်ဆောင်ပေးနိုင်သော program များဖြစ်သည့် Registry Mechanic, Windows Manager, etc..) များကို သုံးနိုင်သည်။)
Flashy virus များသည် Administrator များကို Password ပေးသွားတတ်သည် ..။ အဲ့ဒီ password ကတော့ hacked ဖြစ်သည်။


Data Storage သမိုင်းကြောင်း

1. Data Storage
၁၉၅၆ လောက်က IBM ကုမ္ပဏီကနေ RAMAC 305 ဆိုတဲ့ ကွန်ပျူတာကြီးကို ထွင်တယ်။ ဟာ့ဒ်ဒစ်သုံးတဲ့ ပထမဦးဆုံး ကွန်ပျူတာလို့ ပြောနိုင်တယ်။ အလေးချိန်က တစ်တန်ကျော်လောက် ရှိတယ်။ ၂၄ လက်မ disk ပေါင်း ၅၀ ချပ်လောက်နဲ့ run ရတယ်။ မတ်တပ်ဗီရိုကြီး တစ်လုံးစာလောက် ထောင်ထားတဲ့ ကွန်ပျူတာနဲ့ ဒီခေတ်နှိုင်းယှဉ် လိုက်ရင် ကလေးကစားစရာလောက် ဖြစ်သွားမယ်။ အဲဒီ disk တွေပေါ်မှာ မောင်းတံ (arm) နှစ်ခုစီရှိပြီး မှတ်တမ်း တင်ထားတဲ့ track တွေကို လိုက်ပြီး ဖတ်ပေး၊ ရှာပေးတယ်။ အားလုံး စက်တစ်လုံးကို မောင်းနှင်ရ သလိုမျိုး မောင်းနှင်ပေးရတယ်။ စုစုပေါင်း အဲဒီ ကွန်ပျူတာကြီးထဲမှာ သိုလှောင် (storage) လုပ်နိုင်တဲ့ ပမာဏဟာ 7-bit character ပေါင်း လုံးရေ ၅ သန်း၊ ပမာဏအားဖြင့် တွက်ရင် (4.4 MB) လောက်ပဲရှိတယ်။


၁၉၆၂ ခုနှစ်လောက်ရောက်လာတော့ IBM ကပဲ IBM 1311 ကို ထပ်ထုတ်တယ်။ ဒီတစ်ခါ storage လုပ်တဲ့ disk တွေကို ပြောင်းရွှေ့ ထုတ်သွင်းလို့ ရလာပြီ။ အဲဒီ disk ပြားတစ်ပြားကို character ပေါင်း ၂ သန်းလောက် သိမ်းထားနိုင်တယ်။ ကိုယ်သုံးချင်တဲ့ application တွေကို သီးခြား disk တစ်ချပ်ချင်းစီမှာ သိမ်းထားနိုင်တဲ့ အဆင့်ကို ရောက်လာတယ်။
ထရန်စစ္စတာ နည်းပညာက ယခင်မီးလုံးကြီးတွေ (vacuum tube) နည်းပညာနေရာကို အစားထိုးလိုက်တယ်။ ကွန်ပျူတာဟာ့ဒ်ဝဲ အပိုင်းကို ထရန်စစ္စတာတွေနဲ့ လျှော့ချလို့ ရလာတော့ အရွယ်အစားလည်း လိုက်သေးလာ တယ်။ ဈေးလည်း သက်သာလာတယ်။

IBM 3330 ကွန်ပျူတာ ၁၉၇၁ ခုနှစ် ထွက်လာတယ်။ Disk တွေကို ပြောင်းထုတ်နိုင်ပြီး တစ်ချပ်ကို 100 MB လောက် ၀င်ဆန့်လာတယ်။ ၁၉၇၃ ခုနှစ်ထုတ် ကွန်ပျူတာမှာ disk တစ်ချပ်ကို 200 MB လောက် သိမ်းနိုင် နေပြီ။ သိမ်းချိန် access ကလည်း 30 ms နဲ့ data transfer နှုန်းက 800 kb/s ရလာတယ်။

၁၉၇၁ ခုနှစ်မှာ floppy disk တွေ ပေါ်လာတယ်။ Data သိုလှောင်တဲ့အပိုင်း မှာတော့ တော်လှန်ပြောင်းလဲလိုက်တဲ့ နည်းပညာတစ်ခုလို့ ပြောနိုင်တယ်။ သေးပြီး အိပ်ဆောင်၊ ခရီးဆောင် လုပ်လို့ရတဲ့ အဆင့် ဖြစ်လာတယ်။ အစောပိုင်းထုတ် floppy disk က ၈ လက်မလောက်ရှိတယ်။ နောက်မှ ၅ လက်မခွဲအရွယ်တွေ ၁၉၇၀ နှစ်ပိုင်း လောက်မှာ ထွက်လာတယ်။ ၃ လက်မခွဲ အရွယ်တွေက ၁၉၈၀ နှစ်ပိုင်းလောက်မှ ရောက်လာ တာ။

IBM 3380 ကွန်ပျူတာ ၁၉၈၀ လောက်မှာ ထွက်လာတယ်။ အဲဒီ မိန်းဖရိန်ကျတော့ drive ၈ ခု လောက်ပဲ ပါတော့တယ်။ တစ်ခုကို 2.5 GB လောက် သိမ်းနိုင်တယ်။ Drive တွေမှာ high-performance ကို ရတဲ့ cache memory တွေ ထည့်လာနိုင်ပြီး transfer speed က 3MB/s လောက်ဖြစ်လာတယ်။ ကွန်ပျူတာတွေရဲ့ အရွယ် အစားကလည်း ရေခဲသေတ္တာလောက် ဖြစ်လာပြီး အလေးချိန် ၅၅၀ ပေါင် (၂၅၀ ကီလိုဂရမ်) လောက်ပဲ လေး တော့တယ်။ ဈေးနှုန်းအနေနဲ့ကြည့်ရင် ဒေါ်လာ ၆၄၈,၀၀၀ ကနေ ၁,၁၃၆,၀၀၀ လောက်အထိပဲ ရှိတော့တယ်။

၁၉၈၀ နှစ်ပိုင်းလောက်မှ အိမ်သုံးကွန်ပျူတာတွေ ပေါ်လာတာ။ အရွယ်သေးသေး၊ ဈေးသက်သက်သာသာ၊ disk-drive တွေကလည်း ဈေးကွက်မှာ ၀ယ်နိုင်တဲ့ အနေအထား ရောက်လာတယ်။ ပထမဦးဆုံး သိုလှောင် ဟာ့ဒ်ဒစ်ပမာဏကို အိမ်သုံးမှာ 5MB လောက်ပဲ ရသေးတယ်။ ၁၉၉၀ လောက်ကျမှ 100 MB လောက်အထိ သုံးလာနိုင်တယ်။

၁၉၉၀ နောက်ပိုင်းမှာ data storage အပိုင်း အံ့သြလောက်အောင် တက်လာတယ်။ Floppy disk တွေ နေရာမှာ CD-ROM တွေ နေရာယူလာတယ်။ CD-ROM တွေ ခေတ်မှိန်ပြီး DVD-ROM တွေ ထပ်ထွက်ပြန်တယ်။ နောက်ထပ် Blu-ray တွေ ထပ်ထွက်တယ်။ အိမ်သုံး PC တွေမှာ 100 GB လောက်ဆိုတာ သာမန်သုံးလောက် ဖြစ်လာတယ်။ ၂၀၀၅ လောက်ကတည်းက ပြောင်းလဲလာတာပါ။ ၂၀၁၀ ကျပြန်တော့ 1 terabyte (1 TB) လောက် ရောက်လာတယ်။

၂၀၀၀ ပြည့်နှစ်ပိုင်းလောက်မှာ SD (Secure Digital) ကတ်တွေ ထွက်လာပြီ။ အရွယ်အစားကလည်း လက်မ လက်သည်းခွံလောက်ပဲ ရှိတော့တယ်။ ဒစ်ဂျစ်တယ် ကင်မရာ၊ ဖုန်း၊ MP3 player တွေအပြင် အခြား လက်ကိုင် သုံးပစ္စည်း အတော်များများမှာ ထည့်သုံးနိုင်လာတယ်။

နောက်ပိုင်း Micro-SD ကတ်တွေ ပေါ်လာတယ်။ လက်သည်းခွံထက်တောင် သေးသွားသေးတယ်။ ၂၀၁၀ လောက်မှာ ဒေတာတွေကို 32 GB လောက် သိမ်းနိုင်တယ်။ အရွယ်အစားကလည်း 11 x 15 mm လောက်အထိ ကျုံ့ သွားတယ်။ အလေးချိန်က ၀.၅ ဂရမ်နဲ့ ဒေါ်လာ ၁၀၀ လောက်ပေးရင် ရနိုင်တယ်။
ကဲ... ကျွန်တော်တို့ နောက်အနာဂတ်ကို မှန်းကြည့်လိုက်စမ်းမယ်။ နောက် နှစ်ပေါင်း ၃၀ အကွာလောက်ကိုပဲ မှန်းမှာပါ။ ယခုလက်ရှိ ကတ်တွေထက် အဆ ၃ သန်းလောက် ပိုသေးပြီး၊ အဆ တစ်သောင်းလောက် ပိုဈေးပေါတဲ့ ပစ္စည်းတွေ ထွက်မလာဘူးလို့ မပြောနိုင်ပါဘူး။ လူတွေက အစအစအရာရာ စိတ်ဓာတ်က အစ ကျုံ့ နေကြတာ မဟုတ်လား။

အနာဂတ်မှာ ကွန်ပျူတာနဲ့ ပတ်သက်ပြီး သိုလှောင်နိုင်စွမ်းတွေဟာ ထပ်ညွှန်းကိန်းတွေနဲ့ ယှဉ်ပြလို့ရအောင် အဆတွေ တိုးလာမှာ သေချာတယ်။ မကြာပါဘူး။ နောက်ထပ် ရာစုတစ်ဝက်လောက်ပဲ စောင့်ရတော့မှာပါ။ လူတွေက ပစ္စည်းတွေကို သေးအောင်ချုံ့ ပြီး စွမ်းအားတွေကို အဆတိုးအောင် လုပ်လာကြမှာလည်း သေချာ တယ်။ ကာဗွန်နာနိုကျု ဆိုတဲ့ နည်းပညာက အစိတ်အပိုင်းတွေကို atom-by-atom စီစဉ်လာနိုင်ပြီ ဆိုတော့ ဆန်စေ့လေး တစ်စေ့လောက်နဲ့လည်း အစွမ်းထက်မှာ သေချာတယ်။

လူ့ဦးနှောက်မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်စွမ်းဟာ သုံညနဲ့ တစ်ဆယ်ကြား သူ့ အကန့်အသတ်နဲ့ သူ ရှိနေတယ်။ အကြမ်းဖျင်း ပြောရရင် 3 terabytes လောက် သိမ်းဆည်းနိုင်စွမ်း ရှိတယ်လို့ ဆိုတယ်။ နောက်ပိုင်း ဟာ့ဒစ်တွေ ကိုလည်း အဲဒီ ပမာဏအတိုင်းရအောင် တီထွင်လာနေကြတာ တွေ့ ရတယ်။

၂၀၁၁ မှာ 128 GB micro-SD ကတ်တွေ ထုတ်တော့မယ်။ သူ့ရဲ့ pipeline က 2 TB လောက်အထိ ထုတ်ဖို့ လည်း မဖြစ်နိုင်စရာအကြောင်း မရှိဘူး။

၂၀၂၀ မကုန်မီမှာ မိုက်ခရို SD ကတ်တွေဟာ လူ့ဦးနှောက်က သိမ်းဆည်းဝင်ဆန့်နိုင်တဲ့ ပမာဏအတိုင်းလောက် ကို ထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။

၂၀၃၀ လောက်ရောက်ရင် မိုက်ခရို SD ကတ်တွေမှာ လူသား ဦးနှောက်ပေါင်း ၂၀,၀၀၀ လောက်နီးပါး သိုလှောင်နိုင်စွမ်းတဲ့ မှတ်ဥာဏ်မျိုးကို ရလာလိမ့်မယ်။

၂၀၄၃ လောက်ကျရင် မိုက်ခရို SD ကတ်တွေမှာ 500 billion gigabytes လောက် သိမ်းဆည်းလာနိုင်ပြီး ၂၀၀၉ ခုနှစ်က အင်တာနက်မှာ သိမ်းဆည်းနိုင်တဲ့ ပမာဏစွမ်းအားလောက်ကို ရလာလိမ့်မယ်။

၂၀၅၀ လောက်ကျရင် လူသားဦးနှောက် သိမ်းဆည်းနိုင်တဲ့ ပမာဏရဲ့  သုံးဆလောက်ကို မိုက်ခရို SD ကတ်တွေက သိမ်းဆည်းနိုင်လိမ့်မယ်။

အင်တာနက်သုံးစွဲသူပေါင်း၂၀၂၀ လောက်ကျရင် အင်တာနက် သုံးစွဲသူပေါင်း 5 billion လောက် ရှိလာလိမ့်မယ်။ ၁၉၈၇ ခုနှစ် ကမ္ဘာ့ လူဦးရေ ခန့်လောက်ကို ရှိလာတာ။ ၂၀၁၀ မှာ ၁.၇ ဘီလီယံလောက်ရှိလာပြီး ၂၀၀၀ ပြည့်နှစ်ကမှ သန်း ၃၆၀ လောက်ပဲ ရှိသေးတာနဲ့ နှိုင်းယှဉ် ကြည့်နိုင်တယ်။ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပါ အင်တာနက်ကို သုံးစွဲခွင့် ရလာတဲ့အပြင် ဈေးနှုန်းကလည်း သက်သာ၊ နည်းပညာ ကလည်း အစွမ်းထက်လာတာကြောင့် သုံးစွဲသူဦးရေ တိုးနေဦးမှာ သေချာတယ်။ နောက်ပိုင်း laptop တစ်လုံးကို ၁၀ ဒေါ်လာလောက်နဲ့ ၀ယ်သုံးနိုင်တဲ့ခေတ် ရောက်လာလိမ့်မယ်။ Mobile broadband ကိုပဲ လူတွေ သုံးလာကြ မှာဆိုတော့ ကြိုးရှုပ်တဲ့ခေတ် ဖြစ်စရာ မလိုတော့ဘူး။ ကမ္ဘာမှာ အင်တာနက် မရှိတဲ့နေရာ၊ မသုံးနိုင်တဲ့နေရာ မရှိ အောင် ကမ္ဘာကြီးက ဖွံ့ ဖြိုးတိုးတက်လာပါလိမ့်မယ်။ ရုပ်ပတ်ဝန်းကျင် ဖွံ့ ဖြိုးတိုးတက်လာသလို စိတ်ဓာတ် တွေလည်းဖွံ့ဖြိုးတိုးတက်လာဖို့မျှော်လင့်မိပါတယ်။

Ref:

http://www.sizes.com/people/brain.htm
http://www.physorg.com/news143893844.html
http://www.zdnet.co.uk/news/desktop-hareware/
http://www.guardian.co.uk/business/2009/may/
http://www.networkworld.com/news/


User Password မေ့သွားလျှင်ပြန်ဖျက်နည်း

User Password မေ့သွားလျှင်ပြန်ဖျက်နည်းတစ်ခါတစ်ရံမှာကိုယ့်ရဲ့ကွန်ပျူတာမှာပေးထားတဲ့ password မေ့သွားပြီးဖွင့်လို့မရတာကိုကြုံဖူးကြမှာပါ။
အဲဒီဖြစ်သွားရင်အလွယ်တကူ Windows ကို format ချပြီးတော့ password ကိုဖျက်လိုက်ကြပါတယ်။
ဒီလိုလုပ်ဆောင်တာဟာWindowsနှင့်သက်ဆိုင်ရာ driverတွေကိုပြန်တင်ရတာတွေ၊ applicationပြန်တင်ရတာတွေ့ကြုံရလို့အချိန်ကြန့်ကြာစေပါတယ်။
ကွန်ပျူတာတင်တဲ့အခါမှာ build-in administrator account ကို password မပေးဘဲနဲ့တင်ပြီး Windows တက်လာမှ password ပေးထားခဲ့လျှင်ယခုဖေါ်ပြမည့် password အသစ်ပြန်ပေးခြင်း နဲ့ဖျက်ခြင်းလုပ်ငန်းကအသုံးဝင်မှာဖြစ်ပါတယ်။

၁။ Windows ကို restart လုပ်လိုက်ပါ။
၂။ Windows တက်လာတဲ့အခါ F8 ကိုနှိပ်ပြီးတော့ Advance mode ထဲကိုဝင်ပါ။
၃။ Advance mode ထဲရှိ Safe mode ကိုရွေးပြီး Enter ခေါက်လိုက်ပါ။
၎။ Safe mode ထဲကိုရောက်သွားတဲ့အခါမှာတော့ built in administrator account ကို တွေ့ရမှာဖြစ်ပါတယ်။
၅။ built in administrator ထဲကိုဝင်လိုက်ပါ။
၆။ Keyboard ရှိ Window logo နှင့် R ကိုတွဲနှိပ်ပြီး run dialog box ကိုခေါ်ပါ။ ၇။ComputerManagementWindow ပေါ်လာခဲ့လျှင်အဲဒီအထဲက System Tools အောက်မှာရှိတဲ့ Local Users and Groups ကို click ခေါက်လိုက်ပါ။
၈။ User ဆိုတဲ့ Folder ကို click ခေါက်ပါ။
User ထဲရှိ Password ပြောင်းချင်တဲ့ account ကို double click ခေါက်ပါ။
၉။ Account ရဲ့အမည်ကို double click ခေါက်လိုက်တဲ့အခါမှာ account ရဲ့ properties windows ပေါ်လာပါလိမ့်မယ်။
၁၀။ အဲ့ဒီ account ရဲ့ properties windows ထဲမှာ General, Member နဲ့Profile သုံးခုကိုတွေ့ရပါလိမ့်မယ်။
၁၁။ General Top ရဲ့အောက်မှာရှိတဲ့ Full name နဲ့ Description တို့အောက်မှာ o User must change password at next logon o User cannot change password o Password never expires o Account is disabled o Account is locked out ဆိုပြီး check လုပ်နိုင်တဲ့ ၅ ခုကိုတွေ့ရပါလိမ့်မယ်။
၁၂။ အထဲက user must change password at next logon မှာ clickခေါက်ပြီးအမှန်ကလေးပေါ်လာအောင်လုပ်လိုက်ပါ။

ကျန်တဲ့အရာတွေမှာအမှန်ကလေးတွေရှိနေခဲ့လျှင်click ခေါက်ပြီးဖြုတ်ပေးလိုက်ပါ။
ok ကို click ခေါက်ပြီးတော့ပြန်ထွက်လိုက်ပါ။
ပြီးလျှင် Windows ကို restart လုပ်ပြီး Password ကိုပြောင်းပေးလိုက်လျှင် Password အသစ်ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။

(ဒီလိုမလုပ်ချင်ဘူးဆိုလျှင် Password ပြောင်းချင်တဲ့ account မှာ right click ခေါက်ပြီး New Password နဲ့ Confirm Password မှာပေးချင်တဲ့ password ရိုက်ထည့်ပြီး ok ခေါက်လိုက်လျှင်လည်းpassword ပြောင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

ဒီလိုလုပ်ဖို့မဖြစ်နိုင်တဲ့အခါ built-in-administrator မှာပေးထားတဲ့ password ကိုမေ့သွားတဲ့အခါမှာတော့ command line ကိုအသုံးပြုခြင်း (သို့မဟုတ်) သီးသန့် software များကိုအသုံးပြုခြင်းဖြင့်administrator ရဲ့ password ကိုဖျက်နိုင်ပါသေးတယ်။)


Window 7 ကို စွမ်းအားမြင့်မားစေရာအချက်များ

အခုအချိန်ကာလဆိုရင် window 7 ရဲ့အရသာကို တွေ့နေလောက်ပါပြီ။ Window 7 ဟာ vista ထက်ပို ပြီးတော့မြန်တယ်ဆိုတာတော့ မငြင်နိုင်းပါဘူး။ ဒါပေမယ့် 7 က စက်ဖွင့်ရင်စောင့်ရအောင် Microsoft က အင်ဂျင်နီယာတွေက လက်စွမ်းပြထားတာကိုတော့ ဘယ်သူမှမကျော်နိုင်သေးဘူး။ window 7 မှာ install လုပ်ချိန်ကတည်းက speed ကို မြန်အောင်လုပ်တဲ့နည်းတွေရှိပါတယ်။
Windows-7ကိုစွမ်းအားနဲ့အမြန်နှုန်းမြှင့်စေဖို့ ပြသနာ တစ်ခုကတော့ သူ့ operating system ရဲ့ visual feature တွေပါ။ မြင်ကွင်းကို မျက်စိပသာဒကောင်းလွန်းအောင်လို့ ဖန်တီးထားတာတွေက visual effect တွေက အများကြီးပတ်သက်နေတယ်။ အဲ့ဒါနဲ့ပါတ်သတ်ပြီးတော့ အချက်တွေကိုဖော်ပြချင်ပါတယ်။
၁။ Bloatware ကို uninstall လုပ်ပါ။ Start -> Control panel -> Program and Features ထဲက ကိုယ်မလိုတဲ့ application တွေ ၊ game တွေ ကို uninstall လုပ်ပါ။ အချို့ program တွေက ကွန်ပျူတာဖွင့်ကတည်းက Run နေတာတွေရှိပါတယ်။ CPU နဲ့ RAM က လိုတာထက်ပိုပြီးတော့ ၀န်ထုပ်ထမ်းနေရသလိုဖြစ်နေတယ်။
၂။ Window အတက်မြန်ဖို့အတွက် Startup Process ကို ကန့်သတ်ထားပါ။ Start -> Rum ( window key + r) ခေါ်လိုက်ပါ။ Rum box ကျလာရင် mscomfig လို့ရိုက်ထည့်ပါ။ System Configuration box ပေါ်လာရင် (က)System Configuration Utility ရဲ့ Services ကို ၀င်ပြီး အရင်ဆုံး Hide All Microsoft Services ကိုအမှတ်ခြစ်ပါ၊(Windows ဟာ Microsoft Services တွေနဲ့ တိုက်ရိုက်ပက်သက်နေလို့  မှားမဖြုတ်မိအောင်) ပြီးရင် အထဲမှာ မလိုအပ်ဘူး ထင်တဲ့ Services တွေကို Blank(uncheck)လုပ်ပါ၊ (ခ) Startup ဆိုတဲ့ tab ကိုကလစ်။ အဲ့အထဲမှာ ကိုယ်တင်ထားတဲ့စာရင်းအတိုင်း application လေးတွေကို တွေ့ရလိမ့်မယ်။ အဲ့အထဲမှာ အမြဲတမ်း Rum နေဖို့မလိုတဲ့ application တွေကို အမှန်ခြစ်လေးဖြုတ်လိုက်ပါ။ လိုအပ်တဲ့အချိန်လောက်မှဘဲထုတ်သုံးရမည့်ဟာတွေပါ။(windows တက်ပြီးရင်မှ အသုံးလိုမှ ဖွင့်သုံးတာ ကောင်းပါတယ်)။ (ဥပမာ- skype, Gtalk ,Google Update နဲ့ Quick Time တို့လို ပရိုဂရမ်တွေ သုံးချင်တဲ့အချိန်မှ ဖွင့် သုံးတာကောင်းပါတယ်။ နောက်တစ်ခု ကောင်းတာက ဘာမှန်းညာမှန်း မသိဘဲ စက်ဖွင့်တာနဲ့  လှုပ်ရှားသောင်းကျန်တဲ့ Spyware တွေ Trojans တွေ ကာကွယ်ပြီးသား ဖြစ်သလို ဘယ်လိုမှ Uninstall (ဖြုတ်ချလို့ ) မရတဲ့ Spyware programs တွေ ကိုချုပ်ထားပြီးသား ဖြစ်တယ်။ပြီး မှ programs files ထဲ ကနေ Folder တစ်ခုလုံး Delete လုပ်လို့ ရတာ)၊ အားလုံးပြီးရင် Apply–> Ok နှိပ်ပြီး Restart လုပ်ပါ။ Windows ပြန်တက်လာလို့  Message ပေါ်လာရင် Don’t Show Me Again လုပ်ပြီး OK နှိပ်ပါ။
၃။ ပြန့် ကြဲနေတဲ့ ဖိုင်အပိုင်းအစ တွေကိုပြန်စုစည်းဖို့  Disk Defragment လုပ်ပါ၊ My Computer ကို Right Click နှိပ်ပြီး–>Manage ထဲကိုဝင်ပါ၊ Storage–>Disk Defragment ကိုနှိပ်ပြီး ညာဘက်ခြမ်းထဲက HDD တွေကို တစ်ခုခြင်း ရွေးပြီး အောက် မှ Analyze အရင်လုပ် ပြီး Disk Defragment လုပ်ပါ။
၎။ Windows မှာ သိပ်မလိုအပ်တဲ့ Desktop Background slite show နဲ့ Aero Effects တွေကို ပိတ်ပါ။ Start-> Control Panel -> ထဲမှ System ကိုဖွင့်ပါ၊ System Properties -> Advanced Tag-> Performance ရဲ့ Setting ထဲကိုဝင်ပါ၊ Performance options–> Visual Effets –> Customs ကိုရွေး ပြီး အောက်ဆုံး Effects (၃) ခု ကိုပဲ အမှတ်ခြစ်ပြီး ကျန်တာတွေကို Blank ထားပါ။ ပြီးရင် Apply –> OK နှိပ်ပါ။
၅။ Paging Files တွေ အတွက် Virtual Memory ကိုမြှင့်သုံးဖို့  အထက်ပါအဆင့်အတိုင်းပြန်သွားပြီး Performance Options–>Advanced ထဲကိုဝင်ပါ၊ အကန့် သုံးခုရဲ့ အောက်ဆုံးအကန့် Virtual Memory မှာ Change ကိုနှိပ်ပါ၊ Virtual Memory ထဲမှာ လက်ရှိ ၀င်းဒိုး တင်သုံးထားတဲ့ ဟာ(ဒ်)ဒစ် ကိုရွေးပြီးဖြစ်နေမယ်၊ Space Available နှင့် အောက်ဆုံးမှာ ဖော်ပြထားတဲ့ Recommended ပမာဏ အတိုင်း Initial Size(MB) နှင့် Maximum Size (MB) နေရာတွေမှာ ပြောင်းထည့်ပါ၊ ပြီးရင် Set–> OK ကိုနှိပ်ပြီးပြန်ထွက်ပါ။
၆။ Internet ကိုအသုံးပြုတဲ့ Computer Userတွေ Internet Explorer, Firefox စတဲ့ Web Browser တွေရဲ့ Temporary Files တွေကိုရှင်းဖို့ မေ့နေတတ်ကြတယ်။ Internet Explorer ကိုရှင်းဖို့  Start–>Control Pannel–> Internet Options ကိုသွားပါ၊ General ထဲမှ Temporary Internet Files မှ Delete Cookies Delete, Delete Files လုပ်ပါ၊ ပြီးရင်ဘေးက Setting ထဲကိုဝင်ပြီး Amount of Disk space to use ကို 25 MB လောက်ပဲထားပါ၊ OK နှိပ်ပြီး Internet Options ရဲ့ နောက်ဆုံး Tag ဖြစ်တဲ့ Advanced ကိုသွားပါ၊ Steeings အောက်ထဲက Security နေရာ မှာ Empety Temporary Internet Files Folder when Internet Browser is closed ကို ရှာပြီး အမှတ်ခြစ်ပါ။(Internet Browser ကိုပိတ်ပြီးတာနဲ့  Temporary Files တွေကိုဖျက်ပြီးဖြစ်အောင်လို့ ပါ) ပြီးရင် Apply–> OK နှိပ်ပါ။ Firefox အတွက် ကတော့ Tools ရဲ့ အောက်မှ Clear Private Data လုပ်ရင် ရပါပြီ။
အဲဒီ အချက် (၆) ချက်လောက် လုပ်ရင် စက်ရဲ့  Performance ဟာ အလွန်ကောင်းတဲ့အနေအထား ဖြစ်သွားပြီး သုံးရတာ မြန်ဆန်သွက်လက်နေပါမယ်......။


ကွန်ပျူတာအကြောင်းလေး အရင်မိတ်ဆက်လိုက်ရအောင်

What is computer?
Computer is an electronic device that processes data according to a set of stored data.
ကွန်ပျူတာသည်အီလက်ထရွန်းနစ်ပစ္စည်းဖြစ်ပြီး ထည့်သွင်းသိမ်းဆည်းထားသောအချက်အလက်များအရ
တွက်ချက်ဆောင်ရွက်ပေးသောအရာဖြစ်သည်။

ကွန်ပျူတာမှာဘာတွေပါသလဲ? 
ကွန်ပျူတာတွင် Hardware နှင့် Software ဟူ၍အဓိကအစိတ်အပိုင်းနှစ်ခုပါရှိသည်။
Hardware သည်လက်ဖြင့်ကိုင်တွယ်နိုင်သော ကွန်ပျူတာအစိတ်အပိုင်းအားလုံးကိုခေါ်ဆိုနိုင်သည်။
Software သည်လက်ဖြင့်ကိုင်တွယ်၍မရ Hardware Drive တစ်ခုခုတွင်ထည့်သွင်းအသုံးပြုရသော အရာကိုခေါ်ဆိုသည်။
Hardware တွင် ကွန်ပျူတာပစ္စည်းများဖြစ်သော Monitor,keyboard,mouse,CPU, Hard disk
အစရှိသည်တို့အားလုံးပါဝင်သည်။Software တွင် ကွန်ပျူတာတွင်တွဲဖက်အသုံးပြုရသော Operating
System များနှင့်အတူ ရုံးသုံးဆော့ဝဲ Microsoft office,ဓါတ်ပုံပြင်နိုင်သော Photoshop, ရုပ်သံဖိုင်များကြည့်ရန် Media Player အစရှိသည်တို့အားလုံးအကျုံးဝင်သည်။
အီလက်ထရွန်းနစ်ပစ္စည်းများအားလုံး လျှပ်စစ်ဓါတ်အားလိုအပ်သဖြင့်ကွန်ပျူတာတွင်လည်း အစိတ်အပိုင်း
အသီးသီးသို့ ဓါတ်အားပေးရန် Power Supply လိုအပ်သည်။ လျှပ်စစ်ဓါတ်အားတည်ငြိမ်မှုရှိစေရန်
UPS ကိုတွဲဖက်အသုံးပြုလေ့ရှိကြသည်။

ကွန်ပျူတာဘယ်လိုအလုပ်လုပ်သလဲ ?
ကွန်ပျူတာလုပ်ဆောင်ချက်ကိုရှင်းပြရန်အောက်ပါတို့ကိုသိထားရမည်။
Input (ခိုင်းစေချက်)
Keyboard,Mouse,Scanner ,etc..
Output(ဖော်ပြချက်)
Monitor, Printer,etc..
Process(တွက်ချက်မှု)
Central Processing Unit (CPU)
Storage(သိမ်းဆည်းမှု)
Memory
Hard Disk
VCD, DVD Drive
ပုံကိုကြည့်ပါ....






ကွန်ပျူတာအသုံးပြုသူမှထည့်သွင်းလိုက်သော ခိုင်းစေချက်(input)ကို တွက်ချက်မှု(process)
များပြုလုပ်ပြီးကွန်ပျူတာရှိ(storage)များ အတွင်းသိမ်းဆည်းပေးသည်။ရလဒ်ကို ကွန်ပျူတာသုံးပြု
သူအားဖော်ပြ (output ) ပေးသည်။Memory နှင့် Storage သည် Processing ပြုလုပ်ရာတွင်
ကူညီပေးရသဖြင့် အသွားအပြန်သဘောသက်ရောက်ရန် မျှား အပြန်အလှန်ပြထားသည်။

ကွန်ပျူတာဘယ်နှစ်မျိုးရှိသလဲ ?
ယေဘုယျသတ်မှတ်ထားသောကွန်ပျူတာအမျိုးအစားမှာ (၄) မျိုးရှိပါသည်။

1. Mini Computer
Net book, Note book ကဲ့သို့ကိုယ်ပိုင်ကွန်ပျူတာအသေးစားလေးများကိုဆိုလိုသည်။

2. Micro Computer
တစ်ကိုယ်ရေသုံး၊ရုံးသုံး၊ကျောင်းသုံးကွန်ပျူတာများကိုဆိုလိုသည်။စွမ်းဆောင်ရည်သင့်တင့်သည်။

3. Main Frame Computer
ကြီးမားသောတွက်ချက်မှု Projectများဆောင်ရွက်ရန်အဆင့်မြင့်တွက်ချက်မှုစနစ်ထည့်သွင်းထားသော
ကွန်ပျူတာကြီးဖြစ်ပြီးFrame Computerတစ်ခုတည်းကို ..monitor အများအပြား ၀ိုင်းအသုံးပြုသည်။
ဘဏ်လုပ်ငန်း အိုင်တီလုပ်ငန်းများတွင် Main Frame Computer ကိုအသုံးပြုသည်။

4. Super Computer
အေသေးစိတ်တွက်ချက်မှုများကို အထူးလျှင်မြန်သောနှုန်းဖြင့်ဆောင်ရွက်နိုင်စွမ်းရှိသောကွန်ပျူတာ
(သို့မဟုတ်)ကွန်ပျူတာအစုအဝေးကြီးဖြစ်သည်။ နယူးကလိယစက်ရုံ၊ရာသီဥတုကိုတွက်ချက်
တိုင်းတာသောဌာန များတွင်အသုံးပြုသည်။